Part - 6

1K 137 5
                                    

ကွတ်ကီးတစ်ခြမ်းကို ကိုက်လိုက်ကာဖြင့် ထွက်သွားတဲ့ ဂယူဘင်းရဲ့နောက်ကျောကိုကြည့်ရင်း အသက်တောင်မရှုတော့ဘူးလို့ ထင်ရလောက်အောင် ငြိမ်သက်စွာရပ်လျက် ကျန်ခဲ့တဲ့ယူဂျင်း။ ထွက်လာခဲ့တဲ့ ဂယူဘင်းကလည်း လုပ်ချင်တာလုပ်လာခဲ့ပြီးမှ ကြည်နူးပြုံး တပြုံးပြုံးဖြင့်သာ။

ယူဂျင်းလည်းစိတ်နဲ့လူနဲ့မကပ်နိုင်ပေ။ ကြောင်တောင်ရပ်ကြည့်နေရာမှ ဂယူဘင်းနောက်ကိုအပြေးလိုက်သွားလိုက်သည်။ ဂယူဘင်းက‌တော့ မီး‌ဖိုချောင်ထဲ၀င်သွားပြီး အခန်းထဲသို့ရေဘူးတစ်ဘူးယူသွားရန်ကြံရင်း ရေခဲသေတ္တာကိုဖွင့်လိုက်တဲ့အချိန်

"ကိုကိုလေး ကိုကိုလေး"

ဂယူဘင်းကိုခေါ်နေကျ နာမ်စားကိုရေရွတ်ကာဖြင့်ရေခဲသေတ္တာရဲ့တံခါးပေါ်က ဂယူဘင်းရဲ့လက်ကို မပြောမဆို ဆွဲကိုင်လာတဲ့ယူဂျင်း။ ဂယူဘင်းကတော့ ပုံမှန်မျက်နှာဘေးဖြင့်သာ 'ဘာလဲ' ဟူသောပုံစံဖြင့် မျက်ခုံးပင်ပြလိုက်သည်။

"ယူဂျင်း? တစ်ခုခုယူမယ်ဆိုလည်း ကိုကိုလေးယူပြီးမှယူလေ အတင်းကြီး ဘာလုပ်နေပြန်တာ"

မနက်အတွက် ချက်ဖို့ ချက်စရာကြိုပြင်ဆင်နေတဲ့ ယူဂျင်းရဲ့မေမေရှိနေတာကိုမေ့ပြီး ယူဂျင်းတစ်ယောက်ရောက်လာခြင်းပင်။ ကိုင်ထားလိုက်မိတဲ့ ဂယူဘင်းရဲ့လက်ကိုလည်း အမြန်လွှတ်လိုက်သည်။

"ဘာ....ဘာမှမဟုတ်ပါဘူး အီးးး စိတ်ညစ်လိုက်တာ"

ရှက်ကိုးရှက်ကန်းဖြင့် လျှောက်လုပ်နေမိတဲ့ယူဂျင်းကတော့ ထပ်ပြီးရှက်ရှက်ဖြင့် ဂယူဘင်းဆီက‌‌နေအကြည့်လွှဲကာ မမှီမကန်းဖြင့် မှီရာ‌အအေးဘူးလှမ်းဆွဲလိုက်ပြီး ပြေးထွက်သွားလိုက်သည်။

"ရားး ဟန်ယူဂျင်း အဲ့တာဘီယာဘူးကြီးလေ 18နှစ်ပြည့်မှသောက်လို့ရတာနော်"

ဂယူဘင်းရဲ့အော်သံကြောင့် ပြန်လှည့်ပြေးလာကာ ကိုင်ထားတဲ့ ဘီယာဘူးကိုပြန်ထည့်လိုက်ပြီး စတော်ဘယ်ရီမစ်ဘူးကိုလဲယူလိုက်သည်။ ဂယူဘင်းကို တစ်ချက်ပင်မကြည့်ဘဲ ပြန်ပြေးထွက်သွားတဲ့ယူဂျင်းကို ဂယူဘင်းမှာရီချင်လွန်းလို့ မရီမိအောင်အောင့်ထားရတာမလွယ်ပေ။ ပြေးထွက်သွားတဲ့ယူဂျင်းရဲ့အနောက်ကို လိုက်သွားလိုက်သည်။ ဂယူဘင်းကတော့ ပေါက်ကရလေးတွေလုပ်နေတဲ့ ယူဂျင်းကြောင့် ပြုံးစိစိဖြစ်နေမိပြန်ပါသည်။

𝐆𝐢𝐯𝐞 𝐀 𝐋𝐨𝐨𝐤 𝐀𝐭 𝐌𝐞 - [ 𝐆𝐲𝐮𝐣𝐢𝐧 ] Where stories live. Discover now