နှောင့်ယှက်လာတဲ့ ဖုန်းအ၀င်ကောလ်ကြောင့် ဂယူဘင်းလည်း ယူဂျင်းပါးပေါ်ကလက်ကို ရုတ်သိမ်းလိုက်ပြီး ဖုန်းကိုကြည့်လိုက်တော့ ဂယူဘင်းမေမေ။
'ဟုတ် မေမေ'
'သားငယ် ဟာဂျင်းကိုဖုန်းဆက်ကြည့် ပြီးရင်သွားခေါ်လာခဲ့ပေးပါလား'
'ဟမ် ရုတ်တရက်ကြီး'
'မြန်မြန်လေးနော် ဟာဂျင်းတို့ပြဿနာတက်နေပြီထင်တယ် မေမေကသူ့အဖေ ဆေးရုံအရေးပေါ်တင်ရတာသွားရမှာမလို့ ဟာဂျင်းဆီသားငယ်ပဲသွားလိုက်နော်'
'ဟုတ်ကဲ့'
ဂယူဘင်းလည်း သူ့မေမေရဲ့ဖုန်းကိုချလိုက်ပြီးမှ မမှတ်ထားမိတဲ့ ဟာဂျင်းရဲ့ဖုန်းနံပါတ်ကို အိုင်ဂျီမှာပြောထားတဲ့ မက်ဆေ့ခ်ျထဲမှာပြန်ရှာရသေးသည်။ မြန်မြန်ဆန်ဆန်ပဲ ဖုန်းဆက်လိုက်တော့ တစ်ဖက်မှ ရှိုက်ငင်စွာငိုနေတဲ့အသံကြောင့် ဂယူဘင်းမှာ စိတ်ပူသွားရပြန်သည်။
'နူနား ဘာဖြစ်လို့လဲဟင်'
'ဂယူ...ဂယူ ချက်ချင်းလာခေါ်ပေးလို့ရမလားဟင် ကြောက်လို့ ဘာလုပ်ရမှန်းမသိဘူး'
'ဟုတ် အခုပဲလာခဲ့လိုက်မယ်နော် လာရမဲ့နေရာကို မက်ဆေ့ခ်ျကနေပဲပို့ထားပေး'
'အင်း'
ဖုန်းကိုချလိုက်ပြီး ယူဂျင်းရဲ့လက်ကိုဆွဲကာထွက်လာခဲ့သည်။ ယူဂျင်းကိုတစ်ချက်မကြည့်ဖြစ်ခဲ့ပေ။ လမ်းမှာလည်း စိတ်ပူတကြီးဖြင့် ကားမောင်းနေတဲ့ ဂယူဘင်းကို ယူဂျင်းက တကြည့်ကြည့်ဖြင့် စကားစရန်ပြင်သည်။
"ကိုကိုလေး...အရေးကြီးကိစ္စလားဟင်"
"အင်း ထင်တာပဲ"
"ယူဂျင်းကို ရှေ့နားမှာချပေးပါလား"
"ဘာလုပ်မလို့လဲ"