ဟာဂျင်းတို့လည်းပြန်၊ မေမေလည်းအလုပ်သွားပြီဆိုတော့ ဂယူဘင်းတစ်ယောက် အိမ်ထဲသို့ ဟိုဟိုဒီဒီကြည့်ကာဖြင့် ယူဂျင်းကိုရှာနေမိသည်။ ဧည့်ခန်းထဲမတွေ့တော့ မီးဖိုချောင်၊ မီးဖိုချောင်ထဲမတွေ့တော့ ယူဂျင်းရဲ့အခန်းထဲကိုသာ လိုက်သွား၍ ရှာသည်။
"ဟန်ယူဂျင်း...အထဲမှာရှိနေလား"
တုန့်ပြန်မှုမရှိသည့်အတွက် အခန်းထဲသို့ တံခါးကိုဖြည်းဖြည်းလေးဖွင့်ကာ ၀င်သွားလိုက်သည်။ အခန်းထဲ ဟိုကြည့်ဒီကြည့်လုပ်နေရင်း ရေချိုးခန်းထဲမှ အသံကြားသောကြောင့် ရေချိုးခန်းရှေ့ကိုသွားလိုက်ပြီး ဘာမပြောညာမပြောဖြင့် တံခါးဖွင့်လိုက်သည်။
"အားရ် ဆောရီးး"
"အီးးးး ဘာလုပ်တာလဲ!!!"
အထဲမှာရေချိုးနေတဲ့ ယူဂျင်းကိုတွေ့သောအခါ ဂယူဘင်းလည်း လန့်ကာ တံခါးကိုမြန်မြန်ပြန်ပိတ်လိုက်သည်။ ယူဂျင်းကလည်းလန့်သွားရှာပါသည်။
ဂယူဘင်းတစ်ယောက် ရှက်ရှက်ဖြင့် ယူဂျင်းရဲ့အခန်းထဲမှအမြန်ပြေးထွက်လာလိုက်ပြီး ဧည့်ခန်းထဲ၌ ခြေမကိုင်မိလက်မကိုင်မိ ထိုင်နေသည်။ ခဏအကြာမှ ဆံပင်လည်းရေမခြောက်သေးဘဲ ရေစက်လက်ဖြင့် ထွက်လာတဲ့ ယူဂျင်းကတော့ ဆူပုပ်နေပြီး ရန်ရှာမည့်ပုံစံဖြင့် ထွက်လာသည်။
"ကိုကိုလေးနော်!!! သူများအခန်းထဲမပြောမဆို ၀င်၀င်လာပြီး တံခါးလေးဘာလည်းမခေါက်ဘဲနဲ့"
"ဘာလို့ တံခါးကိုလော့မချထားတာလဲ ခေါ်ဖို့မေ့သွားလို့ပေါ့"
"ရေသံကြားနေမှတော့ ရေချိုးနေလို့ပေါ့ တံခါးကလော့ပျက်နေလို့ပါဆိုနေမှပဲ တော်သေးတာပေါ့ ဘောင်းဘီ၀တ်ချိုးမိလို့ အီးးး ငါသေလိုက်ချင်နေပြီနော် တကယ်ပါပဲ"
"ဘာမှမမြင်လိုက်ပါဘူးနော် ဘောင်းဘီစလေး နည်းနည်းပဲမြင်လိုက်တာ အပြာလေးထင်တယ်"
ယူဂျင်းကိုစသလိုနောက်သလိုဖြင့် ပြောလာတဲ့ဂယူဘင်းကြောင့် ယူဂျင်းမှာ မျက်နှာတစ်ခုလုံးရဲတက်လာရသည်။
"ကိုကိုလေးနော်!!!"
"ကလေးပဲရှိသေးတာကို ဘာတွေရှက်နေတာလဲ ပြီးတော့ ဘောင်းဘီလည်းပေါင်လယ်လောက်ထိပါနေတာပဲကို"