ဂယူဘင်းတစ်ယောက် ယူဂျင်းလာအကြိုကို လေဆိပ်မှာအချိန်တော်တော်ကြာအောင် ထိုင်စောင့်နေခဲ့သော်လည်း ကျန်းဟောင့်နှင့်ဆောင်းဟန်ဘင်းသာ ရောက်လာခဲ့သည်။
"မတွေ့ရတာတောင်ကြာပြီ ဟိုမှာအဆင်ပြေပါ့မလားစိတ်ပူနေတာ"
"ပြေပါတယ်မင်းကလည်း ဒါနဲ့ မင်းတို့နှစ်ယောက်က အဆင်ပြေသွားကြတာလား ဟို..."
"သူငယ်ချင်းတွေပါပဲ သူငယ်ချင်းပဲတဲ့"
"အော် သူငယ်ချင်းထက်ပိုနေကြလောက်ပြီလားလို့"
"ပိုစရာအကြောင်းမရှိ"
ကျန်းဟောင့်ဘက်ကတော့ ဟိုးအရင်ကတည်းကနေ အခုထိကို တစ်ဖက်သတ်သဘောကျနေခဲ့ရတာပါ။ ဆောင်းဟန်ဘင်းကတော့ သူ့ကိုသဘောကျနေတာကိုလည်း သူသိသလို မကြိုက်ဘူးရယ်လည်းမဟုတ်ဘဲ မူနေတဲ့သဘောမျိုးပါပဲ။ သူ့မသိစိတ်ကချစ်မိနေတာကိုတောင် သူငယ်ချင်းဇုန်ထဲထည့်ထားပြီး ဖုံးကွယ်နေခဲ့တာပါ။ သူငယ်ချင်းထက်မပိုရင် ဘယ်သွားသွားတကောက်ကောက်လိုက်ပြီး ဘာလုပ်လုပ်အရိပ်တကြည့်ကြည့်နေပေးဖို့ကို စိတ်ရှည်လောက်မယ်မထင်ပါဘူး။ တစ်ခါတလေကျ ပိုးပမ်းနေရတဲ့သူက သူလား ကျန်းဟောင့်လား ဆိုဝာာဝောာင်မသဲကွဲတော့တဲ့အထိပါပဲ။ စိတ်ကောက်တိုင်းလည်းချော့ရတယ် အမြဲလည်းအလျှော့ပေးရတယ် ဂရုစိုက်ပေးတတ်ပေမဲ့ အခုထိ အဖြေပြန်မပေးသေးတာကတော့ ဟန်ဘင်းပေါ့။
"ယူဂျင်းကော မလိုက်လာဘူးလား"
"ယူဂျင်း..."
'ယူဂျင်း' ဆိုတဲ့နာမည်ကို ကြားလိုက်တဲ့အချိန်မှာ ကျန်းဟောင့်က ဟန်ဘင်းကိုလှမ်းကြည့်ပြီးသက်ပြင်းချသည်။ အဲ့ဒီအကြည့်က မေးခွန်းကိုပြန်ဖြေရမယ့်တာ၀န်ကို ဟန်ဘင်းဆီလွှဲအပ်ပေးလိုက်တဲ့ အကြည့်ပါ။
"ယူဂျင်းလိုက်မလာတာက သူကမင်းလာတွေ့မှ တွေ့ချင်တယ်တဲ့"
"အင်း မေ့နေတာ"
"ဟမ် ဘာကိုလဲ??"
"ငါယူဂျင်းနဲ့ အဆက်သွယ်ပြတ်တာ 2နှစ်ကျော်ရှိနေပြီပေမဲ့ စာပို့ ၊ ဖုန်းပြောဖြစ်တဲ့အချိန်တုန်းကတော့ ကိုးရီးယားကိုပြန်ရောက်ရင် သူ့ကိုအရင်ဆုံးလာတွေ့တဲ့ ယူဂျင်းငါ့ကိုစောင့်နေတော့မယ် အမြန်သွားရအောင်"
![](https://img.wattpad.com/cover/337385683-288-k810959.jpg)