< စာမျက်နှာ ၁၉ >
ကိုကိုလေးကို ယူဂျင်းကြာကြာစိတ်မဆိုးနိုင်ပါဘူး။ တကယ်တော့ ကိုကိုလေးကယူဂျင်းအပေါ် ကောင်းချင်တဲ့အချိန်ကောင်းတယ် မကောင်းချင်တဲ့အချိန်မကောင်းဘူး။ ယူဂျင်းခံစားရတာတော့အမှန်ပဲ ယူဂျင်းရဲ့ခံစားချက်တွေက ကိုကိုလေးနဲ့ပက်သက်ပြီး ပုံမှန်မှမဟုတ်တော့ဘဲ ကိုကိုလေးကိုယူဂျင်းတကယ်ကြီးချစ်မိနေတာ ချစ်မိတာထက်ကိုပိုနေတာ။ ဘာလို့ချစ်မိတာလဲမေးရင် ကိုကိုလေးမို့လို့ကို ယူဂျင်းချစ်တာ။
ယူဂျင်းစိတ်ထိခိုက်မိတာတော့အမှန်ပဲ။ အတွေးများတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကိုကိုလေးဘက်က ယူဂျင်းကိုဘယ်လိုသဘောထားနေလဲ တကယ်ကောချစ်ရဲ့လားဆိုတာမျိုးပဲ တွေးမိနေတာ။
< စာမျက်နှာ ၂၀ >
ယူဂျင်းနေမကောင်းဘဲဖြစ်ချင်တော့တယ် ကိုကိုလေးဂရုစိုက်တာပဲခံချင်လို့လေ။ အနည်းဆုံးတော့ယူဂျင်း ကိုကိုလေးအနားမှာနေရတယ် အနားမှာသာရှိနေမယ်ဆို ဘာဖြစ်ဖြစ်ပါ။
တကယ်တော့ကိုကိုလေးက ယူဂျင်းကိုတကယ်ချစ်တယ်လို့တော့ ခံစားမိပါတယ်။ အချစ်ဆိုတာက လူတစ်ယောက်ကိုပြောင်းလဲစေတာလို့ကြားဖူးတယ်။ ကိုကိုလေးရဲ့ပြောင်းလဲမှုတစ်ချို့က ယူဂျင်းကြောင့်ပဲမလား။ ဟုတ်တယ်လို့ပဲထင်မိတာမို့ ဟုတ်တာပဲဖြစ်ပါစေလို့ဆုတောင်းမိတယ်။
< စာမျက်နှာ ၂၁ >
ယူဂျင်း စိတ်ဓာတ်တွေစတင်ပြိုလဲတာပဲကိုကိုလေးရဲ့။ ယူဂျင်းကိုဒီလိုထားသွားဖို့အတွက် ကောင်းပေးနေခဲ့တာလားဟင်။ ကိုကိုလေးချစ်တဲ့သူနဲ့ထွက်သွားတော့မယ် ယူဂျင်းကိုထားခဲ့တော့မယ်ဆိုပြီး မချစ်တော့ကြောင်းလေးတော့ပြောသွားသင့်ပါတယ်။
ယူဂျင်းထင်ခဲ့တာတွေက အကုန်မှားတယ်။ ကိုကိုလေးက ဘယ်တော့မှပြောင်းလဲမယ့်လူမဟုတ်ဘူး နာကျင်အောင်လုပ်ဖို့ဆိုရင်ပေါ့။ ဒဏ်ရာပေးလိုက် ဆေးပေးလိုက်ပဲ ဟုတ်တယ်မလား။ ငယ်ငယ်တုန်းကလိုမျိုး ခန္ဓာကိုယ်ကိုပွန်းပဲ့ထိခိုက်အောင်လုပ်ပြီးမှ ဒဏ်ရာကိုဆေးလိမ်းဖို့ပေးတာမျိုးဆိုရပေမယ့် ခုနှလုံးသားကျ ဒဏ်ရာကိုလိမ်းတဲ့ဆေးပေးရုံနဲ့ မပျောက်နိုင်ဘူးလေ။