နေမကောင်းတဲ့ယူဂျင်းလေးက သူ့မေမေယူလာပေးတဲ့ စွပ်ပြုတ်ကို ဂယူဘင်းကိုယ်တိုင်ခွံ့ကျွေးတာစားပြီးနောက် အနားယူအိပ်စက်သည်။
အဲ့အချိန်ထိတောင် ဂယူဘင်းက အနားကနေတစ်စက်ကလေးမှ မခွာသေးပါဘူး။ ထိုအချိန် ဂယူဘင်းရဲ့မေမေရောက်လာလေသည်။"မေမေ ရုံးမှာမဟုတ်ဘူးလား"
"အင်း ယူဂျင်းနေမကောင်းဘူးဆို"
"ဟုတ်တယ်"
"သားငယ် ခဏလောက်လိုက်ခဲ့မလား ဒီမှာစကားပြောရင် ယူဂျင်းနိုးသွားလိမ့်မယ်"
ဂယူဘင်းလည်းခေါင်းငြိမ့်ပြရုံလုပ်ပြလိုက်ပြီး အိပ်ပျော်နေတဲ့ယူဂျင်းလေးကို စောင်သေချာထပ်ခြုံထားပေးခဲ့ကာ သူ့မေမေအခန်းဆီသို့လိုက်လာခဲ့သည်။ အခန်းထဲရောက်တော့ မေမေရယ် သူရယ်တင် မဟုတ်ဘဲ ဟာဂျင်းပါအပါအ၀င်ဖြစ်သည်။
"သားငယ် မေမေတစ်ခုလောက်မေးချင်တယ်"
"ဟုတ်"
"ဟာဂျင်းဖေဖေလည်းဆေးရုံကဆင်းတော့မယ် ပြီးတော့..."
"ဟုတ်"
"သားငယ် ဟာဂျင်းနဲ့လက်ထပ်ရမယ် မေမေတို့လူကြီးချင်းမျက်နှာပျက်ရအောင်မလုပ်ပါနဲ့ တခြားဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် မငြင်းဘဲလက်ခံပေးပါ"
"မေမေ အဲ့လိုလုပ်လို့မရဘူးလေ လက်ထပ်ပွဲကမဖြစ်တော့ဘူးလို့ပြောထားပြီးသားမလား"
"ဟာဂျင်းနဲ့လက်မထပ်ရင် ဟာဂျင်းနဲ့အတူ မင်းဖေဖေရှိတဲ့ အင်္ဂလန်ကိုသွားရမယ် မင်းရွေးချယ်ပါ"
"ဘာမှမဆိုင်တာကြီးက်ိုမေမေရယ် လုံး၀အဓိပ္ပာယ်မရှိဘူး"
"မင်းတို့ကတွဲဖက်တွေဖြစ်လာမှာ အိမ်ထောင်ဖက်အနေနဲ့မဟုတ်ရင်တောင် အလုပ်အတွက်တွဲဖက်တွေပဲ အင်္ဂလန်ကမင်းဖေဖေရဲ့လုပ်ငန်းကိုသွားကူရမယ် မင်းကတော့ ဟိုမှာကျောင်းပါဆက်တက်ရမယ် ဒါပဲ"
"..."
"ဟာဂျင်းနဲ့လက်မထပ်ချင်ဘူးဆိုရင်လည်း မေမေပြောတဲ့အတိုင်းပဲလုပ်ရမယ် အဆင်ပြေလား
မပြေရင်တော့ ဟာဂျင်းနဲ့လက်ထပ်ပြီး ဒီမှာပဲနေရမယ်လေ အပေးအယူကမျှပါတယ် မင်းအတွက်ခက်တာတစ်ခုခုကိုလက်လွှတ်ချင်ရင် အဲ့အစားတခြားခက်ခဲတာတစ်ခုကို မင်းလုပ်ရမယ်"
