လေထုကတိတ်ဆိတ်သွားပြီး ဟာဂျင်းရဲ့ဦးနှောက်ထဲလည်း အတွေးဗလာကျင်းသွားကာ ခဏတာလောက်ငြိမ်သက်နေလိုက်ကာ ဂယူဘင်းနဲ့ယူဂျင်းကို တစ်လှည့်စီ ကြောင်စီစီကြည့်နေမိသည်။
"ကိုကို ယူဂျင်းရေခဲမုန့်စားချင်တယ်"
ထူးထူးဆန်းဆန်းပြောင်းလဲသွားတဲ့ ယူဂျင်းရဲ့ခပ်ချွဲချွဲပုံစံလေးကြောင့် ဂယူဘင်းရီချင်လာသည်။ စိတ်ကောက်သွားမှာစိုးလို့သာ ငြိမ်နေတာပါ ချစ်စရာကောင်လေးကို အသည်းယားလွန်းလို့ ပါးချည်းဆွဲဖျစ်ညှစ်ပြီး အာဘွားတွေဆက်တိုက်ပေးချင်တာပေါ့။
"၀ယ်ကျွေးလေနော်"
"၀ယ်ကျွေးမှာပေါ့"
"ဟီးးး အဲ့တာကြောင့်ကိုကို့ကိုချစ်တာလေ"
ကျေနပ်ပြုံးပြုံးနေတဲ့ယူဂျင်းက မှန်ထဲကနေ နေမထိထိုင်မသာဖြစ်နေတဲ့ ဟာဂျင်းကိုကြည့်ပြီး ပိုပျော်လာသလိုပင်။ ပြုံးဖြီးဖြီးလုပ်နေတဲ့ယူဂျင်းကို ဘေးကနေလှမ်းကြည့်ရင်း အသည်းတယားယားဖြစ်လာတာကတော့ ဂယူဘင်း။
"ပြွတ်စ်"
"ဟယ်"
ကားမောင်းနေရင်းကို ထနမ်းလာတဲ့ဂယူဘင်းကြောင့် အနောက်ကကြည့်နေတဲ့ဟာဂျင်းကလည်း 'ဟယ်' တစ်လုံးတည်းသာထွက်လာတော့သည်။ ယူဂျင်းကတော့ ရှက်ပြုံးလေးတစ်ခုဖြင့် ဂယူဘင်းကိုမဝံ့မရဲခိုးကြည့်မိသည်။ ဂယူဘင်းကတော့ မသိချင်ယောင်ဆောင်လိုက်ကာ ပြုံးစိစိဖြင့်ကားကိုပဲ အာရုံစိုက်မောင်းသည်။
A few moments later //
မောလ်ထဲရောက်တော့ အရင်ဆုံးဟာဂျင်းအတွက် အင်္ကျီလိုက်ရှာပေးရသည်။ မောလ်ထဲလျှောက်နေရင်း ရုတ်တရက်လမ်းမှာဆုံတဲ့လူကြောင့် ယူဂျင်းအတော်လေးအံ့အားသင့်သွားပါသည်။
"ဟန်ဘင်းဟျောင်း??"
ယူဂျင်းက ဂယူဘင်းရဲ့လက်ကိုကိုင်ပြီး တို့လိုက်တော့ ကြည့်လိုက်မိတဲ့ဂယူဘင်းလည်း အံဩသွားပြန်ပါသည်။
"ကျန်းဟောင့်?? ဒီမှာဘာလုပ်နေတာလဲ"
"အာ ဈေးလာ၀ယ်တာ"
"ဟန်ဘင်းနဲ့ဘယ်လို??"
"အော် ငါတို့ကတွဲတော့မှာလေ"