အိမ်ရောက်တော့လည်း အိပ်ပျော်နေတဲ့ယူဂျင်းကိုပွေ့ချီပြီး အိမ်ထဲခေါ်သွားလိုက်သည်။ သိပ်တော့နောက်မကျသေးပေမယ့်လည်း အိမ်ထဲမှာတိတ်ဆိတ်ငြိမ်သက်ပြီး အကုန်လုံးလည်း အိပ်နေကြဟန်တူပါသည်။ ခြေသံမကျယ်အောင်ပဲ ဂရုတစိုက်,သွားရင်း အခန်းထဲထိရောက်အောင် ချီသွားလိုက်ရသည်။
"လူကသာဘာမှမဟုတ်တာ လေးလိုက်တာ"
တစ်ချက်ငြီးလိုက်ပြီး ကုတင်ပေါ်သို့အသာလေးချပေးကာ နှဖူးပေါ်၀ဲကျနေတဲ့ဆံပင်လေးကိုသပ်တင်ပေးရင်း ငေးကြည့်နေမိသည်။
"ကိုကိုလေး"
"..."
" ယူဂျင်းကို လာခေါ်ပါဦး"
အိပ်နေရင်းယောင်ကာ စကားဝဲဝဲလေးဖြင့် ယောင်ဝါးဝါးပြောနေတဲ့ယူဂျင်းရဲ့စကားကြောင့်
ဂယူဘင်းသဘောတကျပြုံးမိပြန်တာပေါ့။"အိပ်နေရင်းယောင်တာတောင် ကိုယ့်နာမ်စားကိုတနေတဲ့ကလေးက ကိုယ်ကိုမချစ်ဘူးဆိုတာယုံစရာမကောင်းပါဘူးယူဂျင်းရယ်"
နှဖူးလေးကိုဖိကပ်ကာ အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်။ 'ယူဂျင်းနဲ့အပြိုင် လိုက်ပြီးကလေးဆန်မနေသင့်ဘူးဆိုတာ ကိုယ်သိပါတယ် ဒါပေမယ့် ဒီနေ့မနက်ကကိစ္စမှာယူဂျင်းမှားတယ် အတွေးတွေက ကလေးဆန်လိုက်တာ ရုပ်ရှင်ဆန်ဆန်တွေတွေးလွန်းနေတာလို့ မထင်ဘူးလား?? မိဘတွေကသဘောမတူလို့ ကွဲကြကွာကြမယ်ဆိုတာလေ' စိတ်ထဲတွေးမိရင်း ဂယူဘင်းတစ်ချက်ပြုံးမိပြန်ပါသည်။ သူ့ကလေးလေးက ဘယ်လောက်တောင်မှ ကလေးဆန်ပြီးချစ်ဖို့ကောင်းလိုက်လဲ။ 'မနက်က ဒေါသမထွက်လိုက်သင့်ဘူး လက်ရွယ်မိတာလေးကိုတောင် အခုစိတ်မကောင်းလွန်းလို့ ရင်ဘတ်ကြီးကြေမွမတတ်နာကျင်နေရတာ စိတ်မထိန်းနိုင်ဘဲလက်သာပါမိရင် အခုချိန်ကိုယ့်ကိုယ်ကိုတောင်ပြန်သတ်ပစ်နိုင်မလားမသိဘူး ဒါတောင် အသားနာအောင်တွန်းမိသေးတယ်မဟုတ်လား အသေးအဖွဲလေးကအစ မထိခိုက်စေချင်တော့တာ ဒီကလေးလေးကြောင့် အချစ်ဆိုတာကိုခံစားမိပြီထင်တယ်။ 18နှစ်တိတိ အချစ်နဲ့ပက်သက်ရင် ပေါ့ပေါ့တန်တန်ပဲနေလာခဲ့တဲ့ကိုကိုက ယူဂျင်းနဲ့ကျမှ မျက်ရည်ကျတဲ့အထိချစ်မိဖူးပါပြီ ဘယ်အချိန်ကတည်းက ဘယ်လိုချစ်မိနေတာလဲမသိပေမဲ့ ချစ်လွန်းလို့ရူးပြီထင်တယ် ဒီသံယောဇဉ်ကြိုးကဖြတ်ရခက်ပြီ ကိုယ့်ချစ်သူလိုကော ညီလေးလိုကော ချစ်ပေးမယ်။ ယူဂျင်းအားကိုးရတဲ့အစ်ကိုမျိုးဖြစ်ချင်တယ်'။