Part - 2

1.3K 158 0
                                    

ယူဂျင်းထွက်သွားတာမကြာသေးဘူးဆိုတော့  ဂယူဘင်းကားနဲ့လိုက်လျှင်မှီလောက်သည်။ အလွန်ဆုံးရောက် မှတ်တိုင်ပေါ့။ ဂယူဘင်းကားကိုအရှိန်ဖြင့်မောင်းလာရင်း လမ်းရဲ့ ဘေးဘီတစ်လျှောက်ယူဂျင်းကိုရှာနေမိသည်။လမ်းမှာလည်းမတွေ့၊မှတ်တိုင်မှာလည်းမတွေ့တော့ စိတ်ရှုပ်သွားဟန်။

"အာ.... လမ်းလျှောက်တာမြန်ရင်တောင် ကားမှတ်တိုင်လောက်ပဲရှိဦးမှာကို ဘက်စ်ကားလာတာမြန်လို့များလား ughhh သူ့ဘာသာဘာဖြစ်ဖြစ်ပေါ့ ငါကဘာလုပ်နေတာလဲ"

မှတ်တိုင်နား ဟိုဟိုဒီဒီကြည့်ရင်း ကားစောင့်တဲ့ ယူဂျင်းကိုမတွေ့တော့ ကားကိုအရှိန်တင်လိုက်ပြီး ပုံမှန်အတိုင်း ကျောင်းသို့ မောင်းသွားသည်။ ကျောင်း၀န်းထဲသို့ အရှိန်ဖြင့်မောင်း၀င်လာနေကျ ဂယူဘင်း၏ ကားသည် လူအများရဲ့အာရုံစိုက်မှုကိုရစမြဲပင်။

"အာ့ လန့်လိုက်တာ!!! လူကိုတိုက်မိတော့မယ် စာမေးပွဲနေ့ကြီးမို့ ရင်တုန်နေရတဲ့ထဲ ပိုတုန်အောင်"

ဘေးနားကအရှိန်ဖြင့်ဖြတ်သွားသော ဂယူဘင်းရဲ့ကားကြောင့် လန့်ပြီးထအော်မိသူမှာ ကျန်းဟောင့်ပင်။ ကျန်းဟောင့်က ဂယူဘင်းရဲ့အခင်ဆုံး သူငယ်ချင်းဖြစ်သည်။ တရုတ်လူမျိုးဖြစ်သော်လည်း ကိုးရီးယားကိုကျောင်းလာတက်ရာမှ ဂယူဘင်းနဲ့သူငယ်ချင်းတွေဖြစ်လာခြင်းပင်။ အပေါင်းသင်းရွေးတဲ့ ဂယူဘင်းအတွက်တော့ သူက ပေါင်းသင်းလို့အကောင်းဆုံးဖြစ်သည်။

ကားပါးကင်၌ ကားကိုထိုး၍ရပ်လိုက်သော ဂယူဘင်းရဲ့ကားဆီကို ပြေးသွားသော ကျန်းဟောင့်။

"ဟျောင့်!! မင်းလုပ်တာငါသေတော့လို့"

"ထိမိရုံနဲ့တော့မသေပါဘူး တက်ကြိတ်မိတာမှမဟုတ်"

ဂယူဘင်းရဲ့ အဖြေကြောင့် ကျန်းဟောင့်တစ်ယောက် ရီရခက် ငိုရခက် အံတကြိတ်ကြိတ်ဖြင့်သာ ဆူပုတ်ပုတ်လုပ်နေသည်။

"အာ.. ဒါနဲ့ ဟိုကလေးကော"

ရုတ်တရက် ကျန်းဟောင့်ရဲ့အမေးကြောင့် ဂယူဘင်းက မျက်ခုံးကိုပင့်ပြလိုက်ပြီး 'ဘာလဲ' ဟူသော ပုံစံဖြင့်မေး၏။

𝐆𝐢𝐯𝐞 𝐀 𝐋𝐨𝐨𝐤 𝐀𝐭 𝐌𝐞 - [ 𝐆𝐲𝐮𝐣𝐢𝐧 ] Donde viven las historias. Descúbrelo ahora