စာမေးပွဲလည်းဖြေနေစဉ်ကာလဆိုတော့ ယူဂျင်းကို ဂယူဘင်းသိပ်မတွေ့မိဘူး။ အိမ်မှာတောင်မှ စာလုပ်လိုက် အိမ်အလုပ်လုပ်လိုက် ခြံထဲအပင်ရေလောင်းလိုက်နဲ့ ဂယူဘင်းကို ခုတလော စိတ်ထဲထည့်ပုံမပေါ်ဘူး။ မနက်ကျရင်လည်း ပုံမှန်လိုမနှိုးဘဲ တိတ်တိတ် လေးပဲအင်္ကျီထုတ်ပေးပြီး လုပ်နေကျအလုပ်တွေလုပ်ပေးပြီးမှ အစောကြီးထွက်ထွက်သွားတယ်။ မေမေ့ကိုလည်း 'ယူဂျင်းစာမေးပွဲရှိလို့ ကိုကိုလေးကိုမစောင့်ဘဲသွားနှင့်တာ' ဆိုပြီး ပြောတယ်တဲ့။ အခုတလော ယူဂျင်းဘာတွေလုပ်နေလဲ ဂယူဘင်းမသိ။ ပုံမှန်တိုင်းပဲသိပ်ပြီးစိတ်၀င်စားတယ်ရယ်လည်း မရှိပါဘူး။
"မေမေ... ဟန်ယူဂျင်း အခုတလော ရည်းစားရနေတယ်လို့ မထင်ဘူးလား"
"ㅋㅋㅋㅋㅋㅋㅋㅋㅋㅋㅋㅋㅋㅋㅋ"
ထမင်းဝိုင်းထဲတွင် ရုတ်တရက် ထပြောလာသော ဂယူဘင်းရဲ့စကားကြောင့် ဂယူဘင်းရဲ့အမေဖြစ်သူနဲ့ပန်ကန်ဆေးနေတဲ့ ယူဂျင်းရဲ့အမေဖြစ်သူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဟက်ဟက်ပက်ပက်ရီမိကြသည်။
"17နှစ်နဲ့ ဘလိုင်းဒိတ်လုပ်တဲ့သားလိုများထင်နေလား ကလေးရဲ့ ယူဂျင်းနီးကစာပဲလုပ်နေတာ အဲ့ကိစ္စတွေဘယ်စိတ်၀င်စားမလဲ ခုမှ 15နှစ်ပဲရှိသေးတာ"
သူ့မေမေရဲ့စကားကြောင့် ဂယူဘင်းလည်း မျက်ခုံးတွေကို တွန့်ချိုးထားလိုက်ပြီး မနက်စာကိုသာဆက်စားနေတယ်။ အခုမှတွေးမိသည် ဒီနေ့က စာမေးပွဲနောက်ဆုံးရက်ပဲဆိုဝောာ့ ပြီးရင် ဘလိုင်းဒိတ်လေးတစ်ခုထပ်လုပ်မလားလို့လေ။ ဂယူဘင်းကကောင်မလေးတော်တော်များများနှင့်အီလေ့ရှိပြီးအီလျှင် အလွန်ဆုံးတစ်လပင်။ တွဲတယ်လည်းမဟုတ် ဖလာ့ဒ်ဇုန်မှာတင်အီပြီး တစ်ယောက်ပြီးတစ်ယောက်ထည်လဲပြောင်းတတ်သည်။
Yujin's side //
တစ်ယောက်တည်း အိမ်မှ ကားမှတ်တိုင်သို့လမ်းလျှောက်သွားရသည်မှာ ပင်ပန်းသည်ဟုထင်မိသော်လည်း မနက်တိုင်း မုန့်၀ယ်ကျွေးလေ့ရှိတဲ့
ဟန်ဘင်းဟျောင်းရှိလို့ တော်ပါသေးတယ်။ နေ့တိုင်းကျောင်းကိုအတူတူသွား အတူတူပြန်လုပ်ခါများတော့ ဟန်ဘင်းဟျောင်းနဲ့တောင်အတော်လေး ရင်းနှီးလာပြီ။ ချက်ချင်းကြီး အစ်ကိုတစ်ယောက် ကောက်ရလိုက်သလိုပင်။