မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။အဖြစ်အပျက်များ မတိုင်ခင် ။
..............
လေးကျွန်းဆီမီးစေတီတော်တွင် ဘုရားဖူးပြီးသည်မို့ စေတီတော်အား အောင်မြေ နင်း၍ပတ်နေသည် ။လက်အုပ်ကလေးချီကာ စေတီတော်၏ ထီးတော်ကိုကြည့်ရင်း မိမိလိုရာဆုကိုသာစိတ်ထဲမှတ်၍တောင်းနေမိသည် ။ထိုသူမှာ"သံလွင်ဦး"ဟုအမည်ရှိသည့်မိန်းကလေးပင် ။စေတီ၏ ရင်ပြင်တော်ပတ်ပတ်လည်တွင် ကြွေပြားများပူလျှင် မလျှောက်နိုင်မည်စိုး၍ မြက်ခင်းနုနုကလေးများကို စေတီတစ်ပတ်စိုက်ပျိုးပေးထားသည်။
တိုက်ခိုက်နေသော လေများကြောင့် ကျောလယ်လောက်ရှိသည့် ချော့ကလက်ရောင်ဆံပင်လေးများဟာ သူမ၏ပုခုံးသားထက်ဝယ် တလွင့်လွင့်နှင့်ပင် ။
ထိုစဥ် ။*ဘုတ်!*
"အမလေး ပလုတ်တုတ်!"
"အို.."
ကျွန်မ စိတ်လွင့်နေသည်မို့ မိုးမမြင်လေမမြင်ပင် လူတစ်ယောက်ကို ဝင်တိုက်မိချေပြီ ။
ယိုင်နဲ့သွားသော ထိုအမျိုးသမီးခန္ဓာကိုယ်ကြောင့် တံတောင်ဆင့်လေးကိုကိုင်၍ ဆွဲထိန်းပေးလိုက်ရသည်။
"ဟို..ကျွန်မတောင်းပန်ပါတယ်နော်..ကျွန်မ မမြင်လိုက်မိလို့ပါရှင်..။ဘယ်နားထိသွားသေးလဲဟင်.."
"ရပါတယ်ကွယ်..။တို့လည်းမမြင်လိုက်မိလို့ပါကွယ်.."
လေသံချိုချိုလေးဖြင့် ဆိုလိုက်သောအမျိုးသမီး ။ထိုအမျိုးသမီးနေရာမှာ တစ်ယောက်ယောက်သာဆိုလျှင် သေချာပေါက် ကျွန်မကိုရန်တွေ့ပေဦးမည် ။
"ဟုတ်ကဲ့ပါရှင်..။သေချာရဲ့လား.။ကျွန်မ တကယ်အားနာမိလို့ပါ..။"
ထိုအမျိုးသမီးဟာ လက်ဖြင့်ဟန့်တားဟန်ပြု၍ ။
"ရပါတယ်ကွယ်..။တို့တကယ်ဘာမှမဖြစ်တာ.....။တို့ကိုခွင့်ပြုပါဦးနော်"
ဆိုကာ ကျွန်မ၏ဘေးမှဖြတ်လျှောက်သွားလေသည် ။ရေမွှေးအနံ့လား ။ထိုအမျိုးသမီး၏ ခေါင်းလျှော်ရည်အနံ့ပေလား ။မခွဲတတ် ။သို့ပေမယ့် ဆွဲဆောင်မှုပြည့်ပြည့်ဝဝရှိသည့်ရနံ့ပင် ။
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...