လသာသောညတစ်ညဖြစ်သည်။တိတ်ဆိတ်တဲ့ညဟာအတွေးနယ်မြောက်များစွာကိုပေးစွမ်းသည်။ကောင်း၌လမင်းကြီးသာယာနေသကဲ့သို့ ကျွန်မ၏လမင်းကြီးသည်လည်း ကျွန်မရင်ခွင်ထဲအပြုံးပန်းများနှင့်ပင်။ တိတ်ဆိတ်တဲ့ညဆိုပေမယ့် မတိတ်ဆိတ်တဲ့ တေးသွားခတ်သံရှိသည်။ထိုသည်ကား ကျွန်မ၏ချစ်လှစွာသောအမျိုးသမီး၏ သီချင်းငြီးပြသံသဲ့သဲ့ကလေးပင်။
ရင်ခွင်ထဲမှနွံဟာ သီချင်းငြီးစဉ်တလျှောက်လုံးသံလွင့်ကိုအငေးမပျက်ခဲ့။လှေခါးအဝလေးမှာထိုင်ကာ ဘောင်တန်းလေးဖက်ကို ကျောမှီကာအားပြုထားသည်။သီချင်းအဆုံး၌။
"သံလွင် "
"ရှင်"
"နွံ့အသံကိုရိုးသွာမယ်မထင်ဘူးရယ်။ဟုတ်တယ်မလား။နွံ့မေတ္တာခဲလေးကိုကြည့်ရသလောက်တော့ အသက်ရှုဖို့မေ့လျော့နေပုံပဲ့"
"သံလွင့်ရဲ့အသက်ကြောက ရင်ခွင်ကြီးထဲမှာရောက်နေတာလေ ကျွန်မအသက်မရှုရလဲ အသက်ရှင်နိုင်ပါတယ်"
"ပြောတာကတစ်မျိုး ပြန်ပြောနေတာကတစ်မျိုးနော် ။တကယ်ပါပဲ့ ဒီနွံ့မေတ္တာခဲလေးဟာလေ နွံ့ကိုအတော်ချစ်တတ်အောင်လုပ်တယ်"
"ဖူးငယ်နေမကောင်းဘူးတဲ့နွံ ။ကိုဘချစ်ခွင့်လာတိုင်သွားတယ်။မနက်ဖြန်သံလွင်တို့သွားကြည့်ရအောင်လား"
နွံဟာငြိမ်နေ၏။အသံမပြုသောနွံကြောင့် ။
"နွံ.."
"နွံကြားနေပါရက်နဲ့ကွယ်"
"အဲ့ဆိုဘာလို့အသံပြုတာလဲ"
"တွေးမိလို့ပါ ။သံလွင်ကလေးလိုချင်သလား"
"ဟင် နွံကလည်းဘယ်လိုကြီးမေးချတာလဲ။နွံမွေးပေးမို့လား။နွံမွေးတဲ့ကလေးဆိုကျွန်မအသည်းတုန်အောင်ချစ်မှာ"
"အယ် မင်းနွံ့ကိုအသည်းမတုန်ချင်တော့ဘူးပေါ့"
"မဟုတ်ဘူးလေ ။ကျွန်မကပြောပြတာပါ။နွံ့ကိုတော့အမြဲတမ်းအသည်းတုန်နေအောင်ကိုချစ်တာပါ။"
"နွံသိပါတယ်ရှင်..။နွံကတမင်စပြီးပြောလိုက်တာ။ရှင်လေးနွံ့ကိုဘယ်လောက်ချစ်ကြောင်း။ဒါဖြင့်မနက်ဖြန်ဖူးငယ်ဆီသွားကြမယ်နော်"
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...