သံလွင်ဦး ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ရေနွေးကြမ်းခွက်လေးကိုင်၍ အာငွေ့ပေးနေမိသည်။ညသည်အေးသော်လည်း ကွပ်ပျစ်၏ မလှမ်းမကမ်းတွင် မီးပုံထည့်ထားသည်မို့ အနွေးဓာတ်ကလေးရနေသည်။ထိုမီးပုံတွင် ကြက်သံပုံးကင်လုပ်နေသော ကိုကြီးချစ်ညို ။မီးအရှိန်ကြောင့် နံဖူးထိပ်တွင်ချွေးသီးလေးများပင် စီနေလေရဲ့ ။
လတ်ဆတ်သည့် လေညင်းကလေးဟာ တဝေ့ဝေ့ဖြင့်တိုက်ခတ်နေသည်။
"အရီးလှရေ.....ကိုကြီးချစ်ညို...."
ခြံအဝပင် လူကမရောက်သေး အသံအရင်ရောက်နေသော အမွှာနှစ်ယောက် ။
"ဟေ့...ခေမာနှင့်ဟေမာ....ကျုပ်တို့နားလေးနေကြတာမဟုတ်ဘူး...။ဘယ်နှယ့်ဗျာ....၁၀အိမ်ကြား ၁၁အိမ်ကြားအော်ခေါ်နေရသလား.."
ထအော်လေသောချစ်ညို ။
"ဟယ်...သံလွင်..တကယ်ကြီးရောက်ချလာတာတော့်...။ငါတို့က..ကိုကြီးချစ်ညိုအာချောင်တယ်ထင်နေတာ....."
ချစ်ညို၏ စကားကိုပင်အရေးမစိုက် ။ကွပ်ပျစ်ထက်ရှိ သံလွင်ရှိရာသို့ အပြေးလာကြသည် ။
"ဖြည်းဖြည်း လာကြပါ...။ခြေချော်နေကြပါဦးမယ်.."
ကွပ်ပျစ်ထက်တွင် တက်ထိုင်ကြ၍ ။
"ငါတို့က သတင်းကြားကြားချင်းလာချင်နေတာ...။သိတဲ့အတိုင်း ယာထဲမှာအပြီးမသတ်နိုင်ကြဘူး.....။ဆံပင်လည်းကြည့်ပါဦး...အရောင်လေးလှလိုက်တာ..ခွေခွေလေးလည်းလုပ်ထားသေးတယ်နော်.."
သံလွင်၏ ဆံပင်အဖျားလေးကို ကိုင်ကြည့်၍ ဆိုလိုက်သော ခေမာ။အားကျမှုတို့က မျက်ဝန်းတွင်ရိုးသားစွာပေါ်နေသည် ။
"ဆံပင်ကို ခဏထားကြ ဒီမှာကြက်ကင်ရနေပြီ......စားကြမယ်"
အငွေ့တထောင်းထောင်း ထနေသော ကြက်ကင်ကို မယူ၍ကွပ်ပျစ်ဆီသို့လျှောက်လာသည့် ချစ်ညို ။
"ငါတို့ လာတာနဲ့ကွက်တိပေါ့...ကောင်းလိုက်တာ.ဟဲဟဲ"
"ကံထူးသွားတယ်မှတ်"
ကြက်ကင်ကို သေချာလေးဖဲ့ယူကာစားကြသည်။ ခါးရေနွေးနွေးနဲ့ပင် အလိုက်သင့်နေ၏..။
ESTÁS LEYENDO
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Acciónမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...