အပိုင်း{၁၀}

2.3K 194 22
                                    

ယ​နေ့လည်း နံနက်ပိုင်း နွံနဲ့အတူကျောင်းသွားရန် အိမ်မှထွက်လာသည် ။နွံ့အိမ်ဆောင်ဆီမရောက်မီ ။
သံလွင့်အရှေ့တွင် ယောက်ျားကြီးခြေထောက်တစ်စုံပိတ်ရပ်လိုက်သည် ။အရှေ့ကြည့်လျှောက်တုန်းကတော့ သူမအရှေ့မည်သူမည်ဝါမှ လျှောက်နေသည်မတွေ့ ။တစ်နေရာရာကဖြတ်ဝင်လာခြင်းဖြစ်မည် ။

"သံလွင်လေး.."

"ဟင် ကိုဘချစ်"

"ဟဲဟဲ ကျောင်းသွားမှာမလားဟင်...။ကိုကိုချစ် လိုက်ပို့ပေးမယ်လေ..။မနေ့ကလာမလို့ပါပဲ့ဗျာ..။အဖေက အလုပ်ခိုင်းလို့..။"

လက်ဖဝါးနှစ်ဖက်ကို ပွတ်သတ်ကာရယ်ကျဲကျဲလေးဖြင့်ပြောနေသည့် ကိုဘချစ်အား ကြည့်၍ လွှတ်လမ်းရှာချင်မိသည် ။နွံနဲ့အတူနှစ်ယောက်ထဲသွားချင်သည်မို့ ကိုဘချစ်က်ိုအားနာနာဖြင့်ပထုတ်ရတော့မည် ။

"အလုပ်ပဲ့ပြန်သွားလုပ်ပါလား...ကိုဘချစ်ရယ် ။သံလွင်ဖြင့် ကိုယ့်ဖာသာ သွားလို့ရပါတယ်..။"

"ကိုကိုချစ်ကို ကျောင်းမလိုက်စေချင်လို့လားဗျာ..။ဟင်သံလွင်လေး..။"

"ကျွန်မတို့က ငယ်ငယ်ကလိုမဟုတ်တော့ဘူးလေ ။အရွယ်ရောက်နေကြပြီ ဒီလိုအတူယှဥ်သွားရင် တော်ကြာမြင်မကောင်း....."

"မြင်ကောင်းပါတယ်ဗျ..။သိပ့်ကိုမှမြင်ကောင်းတာပေါ့ဗျာ..။ကျွန်တော့်လို ခန့်ခန့်ညားညားသူကြီးသားတစ်ဦးနဲ့ သံလွင်လေးလို အရမ်းလှတဲ့ပန်းကညှာ ကျောင်းဆရာမလေးနဲ့ အတူယှဥ်လျှောက်ရတာလေဗျာ...။ဘယ့်နှယ်မလိုက်ဖက်ဘူးလားဟင်.."

သံလွင့် စကားကို ဆုံးအောင်ပြောခွင့်မပေး ။သူ့အတွေးကိုသာ အတင်းပြောနေသည့် ကိုချစ်ညိုကြောင့် သံလွင်ခက်ချေပြီ ။

"သံလွင်ပြောချင်တာကလေ..အခုသံလွင်တို့ကအရွယ်ရောက်နေပြီဆိုတော့ အသွား၊အလာ လူမြင်မသင့်ပါဘူးရှင်...။သံလွင်ပြောတာ ကိုဘချစ်နားလည်ပါလိမ့်မယ်"

"ငယ်ငယ်ကလည်းအတူသွားနေကျတာပဲ့ကို..။ဟုတ်ကဲ့ပါဗျာ.. သံလွင်လေးရဲ့သိက္ခာကိုဦးစားပေးရမှာပေါ့ဗျ..."

"ကျေးဇူးတင်လိုက်တာရှင်"

"ဗျာ"

"အယ် သံလွင့်စကားကိုအလေးထားပေးလို့ပါ..။အဲ့ကြောင့်ပါ"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now