"နွံ.."
"ဟင်"
"ငါ့တူမကြီး ဘယ်နှယ့် တီတီကြီးပြန်တော့မှာမို့ငိုင်နေတာလားကွယ်.."
"နွံ ဒီအတိုင်း ဆေးရုံကိုညနေအရောက်ဆိုတော့ ဘာများယူရဦးမလဲလို့တွေးနေတာပါ တီတီကြီး"
{ရတနာပုံ}ရွာထိပ်၏ အုံဆိုင်းဆိုင်းသစ်ပင်ကြီးအောက်တွင် အဝတ်ထုတ်ကလေးများ ထား၍ ကားစောင့်ကူနေကြသည်။နံနက်ခင်းမို့ နေအပူဟာအားနည်းလှသည်။ပြန်တော့မယ့် တီတီကြီးအတွက် ကားစောင့်ကူပေးနေသော်လည်း နွံ့စိတ်ထဲသံလွင့်ကိုတွေး၍ အားနာပူပန်လွန်းလှသည်။
"ဟေ ဘာလို့အဲ့အကြောင်းမပြောပြရတာတုန်း ။တစ်ခါထဲလိုက်လည်းရသားနဲ့ ဒီကောင်မလေးကတော့လေ..."
"နွံတောင်မနေ့ကမှသိရတာလေ ။အဲ့တော့ဒီအစောပိုင်းပြင်ဆင်ပြီးရင် မွန်းလွှဲလောက်တက်ဖြစ်မှာပါ"
"ဟုတ်ပါပြီ ထားပါတော့ ။အဆင်ပြေရင်တော့ပြီးတာပါပဲ့အေ..။ဟော ဟိုမှာကားလာနေပြီ"
{မြိတ်ရတာ}ခရီးသည်တင်မော်တော်ကားလေးဟာ မီးတစ်ဖက်ပြ၍ ရပ်ချေပြီ။
*တီ တီ*
အနောက်မှ ဆိုင်ကယ်ဟွန်းတီးသံတစ်ချက်ချက်ကြောင့် နွံလှည့်ကြည့်မိလိုက်သည်။တစ်ပြိုင်နက်တည်းခုန်သွားသည့်ရင်အစုံနှင့်အတူ လက်ချောင်းတို့မှာ အိတ်သို့တင်းတင်းစေ့ဆုပ်ကိုင်မိသွားသည်။ထိုသူဟာ သံလွင်ဦးဖြစ်နေပါကြောင်း။
"ဟော သံလွင်လေးပဲ့"
ခပ်လှမ်းလှမ်းတွေဆိုင်ကယ်ရပ်ကာအနားသို့ပြေးလာ၍ လက်ထဲမှ အိတ်အမဲဖြင့်ထုတ်ထားသော ဘူးတစ်ခုကို ဒေါ်စန်းစန်းမိုးလက်သို့ပေးသည်။
"အရီးလှက ပေးခိုင်းလိုက်လို့ပါ အန်တီစမ်း။"
"အေးအေးကွယ်..။အန်တီစန်းကကျေးဇူးတင်ပါတယ်လို့ပြောပေးပါဦးနော်"
"ဟုတ်ကဲ့ အန်တီစန်း"
အဖြေပြောကာ နွံ့ကိုတစ်စက်ကလေးမှမကြည့် လှည့်ထွက်ဟန်ပြင်နေစဥ်။
"သံလွင်"
"......"
အာရုံပင်မထား။
ESTÁS LEYENDO
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Acciónမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...