နွံနှင့်သစ်ပိုင် ယနေ့တွင်လည်းအရီးလှတို့အိမ်တွင် ညနေထမင်းလက်ဆုံစားကြသည် ။လူစုံတက်စုံစားကြသည်မို့ ထမင်းမြိန်လှသည် ။အရီးလှ၏ လက်ရာဟာလည်းအတော်ကောင်းသည် ။
ထမင်းစားပြီးသည်မို့ ကွပ်ပျစ်တွင်ထိုင်ကာ စကားစပ်မိစပ်ရာများပြောကြသည် ။
"ဒါနဲ့အရီးလှ နွံမနက်ဖြန် မြို့တက်မလို့ မှာစရာ ၊ဝယ်စရာ စသဖြင့်ပေါ့ ရှိသလား..။"
"ဟေ..ဟုတ်လား ။ဘယ်အချိန်လောက်တက်မှာလဲ ဒေါက်တာနွံ ။"
"ကျွန်မ ဆေးရုံအုပ်ဆီမှာ ဆေးတွေလည်း ဝင်ယူရဦးမှာဆိုတော့အစောပိုင်းလောက်တက်ဖြစ်မယ်.."
အရီးလှသည် နံဘေးတွင် လက်ဖက်သုပ်စားနေသော သံလွင်ဆီလှည့်၍ ။
"သံလွင် မနက်ဖြန်မြို့တက်ရမယ်မလား....။ဒေါက်တာနွံနဲ့ လိုက်သွားလေ ။ပိုစိတ်ချရတယ်..။"
"မဟုတ်တာ သူများအလုပ်ရှုပ်နေမယ်..."
ကျွန်မငြင်းပယ်ရသည်လေ ။
"လိုက်ခဲ့လေ သံလွင် ။တစ်ညအိပ့်ဆို နွံ့အိမ်မှာလည်းအဆင်ပြေသားနဲ့.."
အမြန်ယဥ်ဖြင့်သွားသည်မို့ ၈နာရီပင်မကြာပါ ။သို့ပေမယ့်အသွားအပြန်နေ့ချင်းတော့ မနိုင်ပေ ။သံလွင် မြို့တက်ရင် သူငယ်ချင်းအိမ်တွင် တည်းရသည် ။
"လိုက်သွားလိုက်ပါ သံလွင် ။ကျွန်တော်လည်း နွံ့တစ်ယောက်ထဲစိတ်မချဘူးဗျ.."
သစ်ပိုင် ထိုစကားဆိုလိုက်တော့ နွံ့မှာ မျက်စောင်းပစ်ဖို့ရသည်။သူ့ကိုပင် နွံချည်းသာ လိုက်စောင့်ရှောက်ရသည်မလား ။နွံမပါရင် မသွားတတ်မလာတတ်သလိုလူသား ။
"ငြင်းဦးမလား သံလွင် ။နားထောင်ပေးမယ်လေ..။"
အမြင်ကပ်ချင်စရာ နွံပါ ။သူ့ဖက်အကုန်ပါနေကြမှန်းသိရက်နဲ့ ။
"ကျွန်မလိုက်ခဲ့ပါ့မယ်... ။ကျွန်မက ဆရာမကြီးမှာလိုက်တဲ့စာအုပ်တွေ ဝယ်မလို့ဆိုတော့ ထွေထွေထူးထူးကြီးမရှိဘူးလေ..။"
သဘောတူညီချက်ရသွားသည်နှင့် နွံဟာ ရေနွေးခွက်ကိုသောက်ဟန် ခေါင်းငုံ့၍ ကျေနပ်သွားသည့်အပြုံးကို လူမသိ၊သူမသိပြုလိုက်သည် ။
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...