နံနက်ခင်းအချိန်အခါဝယ် ချစ်ရသူနှစ်ဦး၏ စကားသံလွင်လွင်ကလေးတို့ဟာ ပျံနှံ့နေလေသည်။
ဒီနေ့တော့ ရှင်ပြုပွဲသွားမည့်ရက်ဖြစ်သောကြောင့် နွံနှင့်သံလွင်ပြင်ဆင်နေကြသည်။ကွမ်းတောင်းကိုင်လေးဖြစ်သည့် နွံ့မေတ္တာခဲလေးကို နွံအလှဆုံးပြင်ပေးမည်။ပင်ကိုယ်အလှသည် မိကပ်ပါးပါးလေး၏ပံ့ပိုးမှုကြောင့် သာ၍ပင်ကျက်သရေရှိရှိအလှဂုဏ်ကြွယ်နေလေသည်။
"ပြောသားပဲ့ ဒီကြယ်သီးက တပ်ရခက်ပါတယ်ဆိုကွယ်"
"အော် နွံရယ် အစ်မနွယ်သာက လိုက်ဖက်မယ့်ဟာကိုရွေးထည့်ပေးထားတာလေ..။အစဥ်ဝတ်မှာလည်းမဟုတ်ပါဘူး။ပွဲလမ်းသဘင်ပဲ့ဝတ်မှာကို.။"
နှစ်ယောက်သား မတ်တပ်ရပ်အနေအထားဖြစ်သည်။ သံလွင်၏ ရင်ဖုံးအင်္ကျီမှာ အနောက်ကြယ်သီးတပ်ဖြစ်သည်မို့ နွံ့ကိုကူတပ်စေသည်။ဒါတောင်အောက်ကြယ်သီးသုံးလုံးကိုပဲ့တပ်ခိုင်းခြင်းသာ။
"ဘာပဲ့ဖြစ်ဖြစ်ပါလေ ။နွံနည်းနည်းလေးကြည့်လိုက်ရလို့အဆင်ပြေတယ်..။"
"နွံ ကျွန်မကိုစနေတာလားနော်..။ဗိုက်ခေါက်ကိုလှမ်းကိုက်လိုက်ရဖြင့်"
ကြယ်သီးတပ်ပြီး၍ မျက်နှာချင်းဆိုင်လှည့်လိုက်သည့် သံလွင်။
"အို..ဒီအပြစ်မဲ့တဲ့ နွံ့ဗိုက်ခေါက်ကို များရာရာစစ"
"အပြစ်မဲ့တဲ့လား ။ကျွန်မပြစ်မှားနေမိတာအကြိမ်ကြိမ်အခါခါပါပဲ့ရှင်..."
နွံဟာ ရှက်သွား၏။မျက်ခုံးနှစ်ဖက်တွန့်ချိုးကာ။
"မင်းနော်"
"အို ဘာတွေဇွတ်တွေးနေတာလဲ ဒေါက်တာကြီးရယ်..။ကျွန်မက ရှင့်ဗိုက်ခေါက်ကိုပြစ်မှားတယ်လို့ပြောတာလေ..။"
"ဟွန်း မြန်မာစကားအမျိုးများတယ်ဆိုတာ သိတယ်ဟုတ်..။လွတ်လွတ်ကျွတ်ကျွတ်စကားပဲ့ဆို..။"
"သူကျစလို့ရပြီးတော့များ..။"
"ဒါကတော့ နွံကလူကြီးလေ။ရှင်လေးက ကလေးပဲ့ရှိသေးတဲ့ဥစ္စာ"
ထိုစကားပြောချိန်တွင် နွံဟာ ဗီဒိုမှန်ကိုကြည့်၍ ဆံထုံး ထုံးနေလေရဲ့။ဘေးတွင်အတိုင်းသားမြင်နေရသော နွံ၏လည်တိုင်ကျော့ကျော့လေးဟာ ရင်ဖို့ဖွယ်ရာ။ရွှေကြိုးအမျှင်ပါးကလေးက လည်တိုင်ကျော့ကျော့ကို တစ်မျိူးတစ်ဖုံလှအောင် ပံ့ပိုးနေသည်။မြောက်ပင့်ထားသော လက်နှစ်ဖက်ကြောင့် ခါးဖြူဖြူလေးမှာ မခိုးတရို့လေးပေါ်နေသည်။
BẠN ĐANG ĐỌC
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Hành độngမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...