ဇွန်းသံသဲ့သဲ့လေးဖြင့်ကြားနေရသည့် ထမင်းစားခန်းလေး။ထိုအချင်းအရာမှာ နွံတို့ထမင်းစားနေကြခြင်းသာ။
နွံနှင့်သံလွင်ဟာ ယှဥ်လျက်အနေအထားထိုင်ကြသည်။ဒေါ်စန်းစန်းမိုးမှာတော့ သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်စားနေ၏။ဟင်းအစပ်ခွက်၏ဇွန်းကို လက်လှန်းဟန်ပြင်နေသော သံလွင့်ကြောင့်။
"ဟင်"
သံလွင်၏ အာမေဋ္ဋိတ်အသံသေးသေးလေးပင်။အကြောင်းမှာ နွံဟာသံလွင်ထက်အရင် ဦးနှင့်စွာဇွန်းကိုကိုင်လိုက်ခြင်းသာ။ထိုကြောင့် သံလွင်နွံ့မျက်နှာသို့ မျှော်ကြည့်မိလိုက်သည်။နွံဟာ ခေါင်းခါပြသည့်အပြင် မျက်ခုံးနှစ်တန်းပါ ချိုးပြသည်။ဒါဟာနွံတားမြစ်သည့် ဟန်ပန်ပဲ့။
ထိုကြောင့် နွံ့နီးနီးသို့ သံလွင်ခေါင်းဆိုင်၍ စကားသံတိုးတိုးလေးပြုလိုက်သည်။
"ခပ်ပေးမလို့လား"
"ဘယ်ကသာ ရှင်လေးက အစပ်စားရလောက်တဲ့အထိအဆင်ပြေနေလို့လား..။တခြားဟင်းပြောင်းစား ဒီဟင်းခွက်ပေါ် လက်မှား၍တောင်မဖြတ်စေနဲ့"
ဓမ္မတာပေါ်ခြင်းကြောင့် အစပ်ရှောင်ခိုင်းခြင်းပင်ဖြစ်သည်။ချော့ပြောရင် ဂျီကျမှာကြောင့် တစ်ခါတည်းစကားပိတ်ပစ်ရသည်လေ။နွံ့အလွန်တော့ မဟုတ်ဘူးမလား။အလွန်ဆိုလျှင်တောင် အချစ်ကရုဏာအလွန်လေးပါကွယ်..။
"ဒီနှစ်ယောက် ထမင်းစားချိန်မှာဘာတွေတိုင်ပင်နေတာတုန်း"
"အယ်..ဘာမှမဟုတ်ပါဘူး တီတီကြီး"
"ဘာမှမဟုတ်တော့ရင် ထမင်းဆက်စားကြတော့လေ။ထမင်းစားပြီးမှအေးဆေးပြောကြ"
"ဟုတ်ကဲ့ အန်တီစန်း"
သည်လိုဖြင့် ငြိမ်ကုတ်စွာထမင်းစားလိုက်ကြတော့သည်။
............
ထမင်းဟင်း စားသောက်ပြီး၍ ဒေါ်စန်းစန်းမိုးမှာအိမ်ရှေ့တွင် ထွက်၍ နားချေပြီ။မီးဖိုချောင်အခန်းထဲတွင်တော့ နွံနှင့်သံလွင် နှစ်ဦးတည်းသာ။
"နွံဆေးလိုက်ပါ့မယ်..။ဒီပန်းကန်လေးနည်းနည်းကို "
ပန်းကန်အထပ်လေးနည်းနည်းသာရှိသည်ကို လုဆေးချင်နေသပါ့။ဒါဟာလည်း ချစ်သူတို့၏ ချစ်စမ်းခြင်းလေးသာ။
![](https://img.wattpad.com/cover/337514775-288-k597720.jpg)
VOUS LISEZ
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...