နံနက်ခင်းတွင် နွံအရင်နိုးလားသည်။ခန္ဓာကိုယ်မှာ သံလွင့်ရင်ခွင်ထဲတွင် အနစ်သားဖြစ်နေသည်။အဝတ်စားမဲ့နေသည်မို့ သူမလေးမနိုးခင်ထဝတ်ရပေဦးမည်။ခက်ပါသည်လေ။
"တော်ပါသေးရဲ့ အရင်နိုးလို့ နို့မို့ဆိုသွားပြီ"
တီးတိုးစွာဆိုမိ၏။ခေါင်းလေးထောင်မတ်ကာ ညကသူမလေးလက်ရမ်းရာ ပါသွားခဲ့သော မိမိအဝတ်များကို စတင်ဖွေရှာပါတော့သည်။သံလွင်၏ဘေးတစ်ဖက် ကုတင်ထောင့်လေးတွင် မိမိ၏ဘရာတစ်ထည်။
"တွေ့ပြီ ငါ့ရဲ့အခွံ"
စောင်ထူကိုရင်ဘတ်အထိဆွဲပိတ်၍ သံလွင့်တစ်ဖက်ရှိ မိမိ၏အခွံရှိရာသို့ လက်ဖျားဖြင့်မမှီမကမ်းလေးယူရန်အပြင်။
"ငြိမ်ငြိမ်နေလေ နွံ"
နွံကိုယ်ကို ဆွဲပိုက်လိုက်သည့်သံလွင်။ယခုအနေအထားသည် နွံဟာသံလွင့်ရင်ခွင်ထဲသို့ တဖန်ပြန်ရောက်သွားခြင်းပင်။
"နိုးနေတာလား"
မျက်လုံးပင်မပွင့်သေး နွံ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲပိုက်ထားသည်။ပြီးမှမျက်လုံးလေးပွင့်လာကာ ။
"နွံမှငြိမ်ငြိမ်မနေတာ ကျွန်မနိုးပြီပေါ့"
"ဒါဖြင့်လည်း ဆက်ပြီးတော့ မနိုးဟန်ဆောင်နေလိုက်ပါလား..။အခုတော့ နွံ့မှာခက်နေပြီ"
"ဘာခက်တာလဲ နွံ..။ကျွန်မကူညီပေးမယ်လေ။ပြောပါ"
သံလွင့်အမေးကိုမဖြေ မျက်နှာကိုသာ အတိုင်းသားကြည့်နေသည်။
"ပြောလေ နွံ"
"ဟိုမယ်လေ ညက ရှင်လေးမိုက်မိုက်မဲမဲနဲ့လွင့်ပစ်ခဲ့တဲ့ နွံ့ရဲ့အခြေခံအခွံလေး ဟိုဖက်တောင့်မှာ အထီးကျန်နေရှာရဲ့..။အဲ့တာသွားခေါ်မလို့ကွယ်"
"ဟင်...အခွံ"
သံလွင်မသိဟန်မေးမိသည်။သံလွင့်အမေးကို နွံဟာမေးထိုး၍သာဖြေသည်။နွံ့မေးညွှန်ရာ မိမိ၏ဘေးတစ်ဖက်သို့လှည့်ကြည့်မိသည်။
ကုတင်တောင့်စွန်းစွန်းလေးတွင်အဖော်မဲ့စွာရှိနေသည့် နွံ၏ဘရာအနက်ကလေးတစ်ထည်။"နွံဆိုလိုတဲ့အခွံက ဒါလား..။အခွံပျော့လေးပဲ့။ဒါကြောင့် စောနက ကျွန်မကြားလိုက်မိပါတယ်"

BẠN ĐANG ĐỌC
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Hành độngမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...