သံလွင်နှင့်နွံ မြို့ထဲရှိ ဆိုင်တစ်ဆိုင်တွင် ထမင်းစားရန် ကားရပ်နားကြသည်။ကားပေါ်မှဆင်း၍ ဆိုင်ထဲသို့အတူဝင်သွားကြသည် ။ဆိုင်ဟာသန့်သည် ။တိတ်ဆိတ်သည် ။နားချင်စဖွယ် ။သံလွင်နှင့်နွံ ထောင့်ဆုံးစားပွဲဝိုင်းတွင်သွားထိုင်လိုက်ကြသည် ။
စားပွဲသို့ ဝန်ထမ်းကောင်လေးတစ်ယောက်ရောက်လာသည်။
"ဘာများသုံးဆောင်ကြမလဲဗျ"
"သံလွင်"
"ရှင် "
"ဒီဆိုင်ရဲ့ ထမင်းဟင်းလက်ရာတွေက စားလို့အဆင်ပြေတယ်လေ။သံလွင်သဘောကျမှာပါ။ဘာဟင်းစားမလဲ"
နွံမြို့တွင်နေစဥ်က စားနေကျဆိုင်မို့ သံလွင့်ကိုအာမခံချက်တွေပေးနေတော့သည်။
"ကျွန်မ အဲ့လိုထွေထွေထူးထူးကြီးမရွေးတတ်ပါဘူး နွံ ။ရှင် စားဖို့အဆင်ပြေမယ့်ဟင်းတွေသာမှာလိုက်ပါ..။"
"နွံ့ ကိုအခက်တွေ့စေအောင်လုပ်ပြီ..။"
နွံဟာ အောက်နှုတ်ခမ်းလေးမဆိုရုံမျှစူလိုက်သည်။ချစ်စဖွယ်ပါလေ ။ပြောပါတယ် ။နွံ့မှာ ချစ်စဖွယ်အမူအယာတွေကြွယ်ဝတယ်လို့။
"တကယ်ပါ"
"အဲ့ဆိုလည်း နွံမှာလိုက်တော့မယ်လေနော်.."
ဘောပင်နှင့်စာရွက်ကလေးကိုင်ကာ စားပွဲနံဘေးတွင် ရပ်နေသော ဝန်ထမ်းကောင်လေးဆီသို့ လှည့်၍ ။
"ကောင်လေး..အစ်မတို့ကို ဝက်သားချိုချဥ်ကြော်တစ်ပွဲရယ် ၊အသီအရွက်လှော်တစ်ပွဲရယ်..။အမ်...တုန်ယမ်းဟင်းတစ်ပွဲ ယူလာပေးနော်..ပြီးတော့ ရေသန့်တစ်ဘူးပေး အအေးမခံထားတဲ့ရေသန့်ပေးနော်..။ထမင်းဖြူကနှစ်ပွဲပေးပါ..။"
"ဟုတ်ကဲ့ဗျ.."
ဝန်ထမ်းကောင်လေးမှာ ခေါင်းငြိမ့်ပြ၍ထွက်သွားလေသည်။
"နွံ.."
"နွံ ကြားနေပါရက်နဲ့"
"ရှင်ဆေးရုံအုပ်ဆီဘယ်အချိန်လောက်သွားရမှာလဲ ။"
"နွံ ထမင်းစားပြီးရင် သွားမှာလေ ။အဲ့အချိန်လောက်ဆို ကွက်တိပဲ့ ။ဘာလို့လဲ သံလွင်"
![](https://img.wattpad.com/cover/337514775-288-k597720.jpg)
KAMU SEDANG MEMBACA
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Aksiမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...