"ဗိုက်ဆာလိုက်တာ "
နှုတ်မှတီးတိုးရေရွတ်လိုက်မိသည်။မိမိ၏ စိတ်အလိုလိုက်ခေါင်းမှာမှုကြောင့် အပြစ်မဲ့ခန္ဓာမှာ ဒုက္ခလှနေချေပြီ။ငူငူငိုင်ငိုင်ဖြင့် မစားချင်၊မသောက်ချင်သည့်စိတ်။ယခုလိုနေ၍လည်းမဖြစ် ခန္ဓာ၏ဇီဝဓာတ်ပါအလားရတော့မည့်အဖြစ်နဲ့ကြုံရတော့မည်လေ။
"ငါဒီလိုနေလို့မှမဖြစ်တာ ။ငါကသာဒီလိုဖြစ်နေတာ သူကတော့"
မျက်ရည်ကြည်တို့ပင် စို့လာချေသည်။အတော်ဆိုးဝါးလွန်းတဲ့ စိတ်။ရပ်တန့်၍လည်းမရ၊ဖြတ်တောက်၍လည်း မရ။
"ကျွန်မချည်နှောင်လိုက်တဲ့မေတ္တာကြိုးက အရည်အသွေးညံ့လွန်းခဲ့တယ်ထင်တယ် နွံရယ်..။ ပြတ်တောက်မြန်လိုက်တာ"
*ဂွီ့*
ဗိုက်ကိုတစ်ချက်ဖိ၍ ခေါင်းရမ်းကာ ။
"ခန္ဓာက ခန္ဓာ ၊စိတ်က စိတ်ပဲ့ မတူဘူး"
အချိ့နှဲ့သော စိတ်အင်အားတို့ကို ပြန်လည်စုစည်းကာ ခြေသံဖွဖွဖြင့် ထမင်းတည်အခန်းထဲသို့ အနောက်လှေခါးမှဆင်းလေသည်။အိမ်နောက်ဖေးရှိ ကြောင်အိမ်ကိုဖွင့်ကြည့်ရာ ။
"လက်ဖက်ထမင်းလုပ်စားတော့မယ်"
လက်ဖက်အသားနှပ်ထားသောဘူးလေးကိုယူထုတ်ကာ ထမင်းစားပွဲပေါ်၌တင်လိုက်သည်။ဇလုံတစ်ခုကိုယူကာ ထမင်းခူးထည့်လိုက်သည်။
ပြီးနောက် ခရမ်းချဥ်သီးပါထည့်မည်ဖြစ်သောကြောင့် ။"ထွက်ကောက်ရမှာပဲ့"
အိမ်ဝန်းအတွင်းစိုက်ထားသည်မို့ ထွက်ကောက်ရမည်။လေးကန်သောခြေလှမ်းဖြင့်အပြင်သို့ ထွက်လာကာ။ခြံတောင့်လေးမှာရှိသည့် ခရမ်းချဥ်အပင်ပုပုလေးအားတွေ့သည်။အနားကိုသွား၍ နနွင်းရောင်ဖျော့ဖျော့ကလေးကို ကောက်လိုက်သည်။၄လုံးလောက်ရွေးကောက်ပြီးသော်။
ဒန့်သလွန်ပင်။တွေးမိပြန်ပြီအတူကောက်ခဲ့တဲ့ပုံရိပ့်အချို့။သံလွင့်ကို ခန့်ဆာဆာဆူခဲ့သည့်နွံ့လေသံ။ယခုတိုက်နေသော နွေဦးလေရူးက သံလွင့်အတွေးကိုရူးစေပြီ။ရင်ဘတ်ထဲမှအလိုမကျဝမ်းနည်းမှုဟာ မျက်ရည်ကြည်ကြည်ကလေးတို့ကိုဖန်တီးနေပြီ။
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...