"ဟဲ့...ချစ်ညို ။ ချစ်ညို ငါ့တူ ထစမ်းပါဦး"
"အရီးလှရယ်...ဒီနေ့ကျနော်ယာထဲမဆင်းတော့ဘူး ။ခေါင်းကိုက်လို့ဗျာ.."
မျက်လုံးပင်မပွင့်သေးပေ။ရမ်းသန်းကာ ပြောဆိုနေပုံ။မှောက်လျက်ပင် ပြန်အိပ့်ချပြန်တယ်။
အရီးလှမှာ ဇာခြင်ထောင်ကို အထက်သို့ရုတ်သိမ်းကာ ကုတင်ဘေးတက်ထိုင်ချလိုက်သည်။"အခုငါသွေးတက်ချင်နေပြီ။ ထစမ်းပါ"
"ဗျာ..အရီးလှသွေးတက်တယ်။ဆေးခန်းသွားကြမယ်လေ"
ကောက်ခါငင်ခါထထိုင်လိုက်သေးသည်။
"အဲ့ဆေးခန်းအသာထား မင်းညီမဘာလုပ်သွားတယ်ဆိုတာသိလား။"
သိနှင့်ခဲ့ပြီးသောချစ်ညိုမှာ အရီးလှစကားကြောင့် ပြန်အိပ့်ချကာ ဖက်လုံးကိုဒူးတုတ်ထားလိုက်သည်။
"ဘာများလုပ်သွားလို့လဲအရီးရယ်"
"မင်းညီမသံလွင် မိန်းမနောက်လိုက်သွားပြီတဲ့။ဘယ်နှယ့်မိုက်လုံးတုန်း"
"အရီးလှကသဘောမတူတာလည်းမဟုတ်ဘဲနဲ့ဗျာ။ပြီးတော့အခုသူလိုက်သွားတာကလည်း တခြားလူမဟုတ်ဘူးလေ ။ဒေါက်တာနွံ သူ့ချစ်သူပဲ့လေ"
"အဲ့ဟာအကြောင်းမဟုတ်ဘူး။ပြောပေါ့ကွယ်။ငါတင့်တင့်တယ်တယ်စီစဥ်ပေးရောပေါ့။အခုကျ ဘယ့်နှယ်လားတော်....။ဒီစာကြီးတစ်စောင်ထားခဲ့ပြီး လိုက်သွားရတယ်လို့။မဖြစ်သေးပါဘူး ပြန်လာရင်ငါတုတ်စာကျွေးဦးမှာ တဇွတ်ထိုးကလေးမ သူ့အဖေခြေရာအတိုင်းပဲ့"
ဆိုကာ တစ်ယောက်ထဲစကားများပွား၍ ထွက်သွားသောအရီးလှ။
.............
"အိမ်ရှင်တို့... ဗျို့အိမ်ရှင်တို့"
ခြံဝန်းအဝမှထင်၏။လူကြီးတစ်ယောက်၏ အော်ဆော်သံ။သေချာပြီဒါဟာ ရပ်ရွာ၏ တုနှိုင်းကင်းလှသည့် စပီကာမောင်ပျော့ပင်။
"အမေရေ....အလှူခံလာနေတယ်။အကြွေမရှိရင် သမီးအိပ့်ခန်းထဲမှာရှိတယ်နော်"
"ဟာဗျာ...မကြီးခေမာ ။အပြင်သာခဏထွက်လာစမ်းပါဗျာ ။ကျွန်တော်အလှူလာခံတာမဟုတ်ပါဘူး"
ESTÁS LEYENDO
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Acciónမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...