အပိုင်း {၁၁}

2.9K 208 18
                                    

ပါတိတ်ချည်ချော ထဘီရင်ဖုံးအစုံဆင်စွယ်ရောင်လေးကို ဝတ်ဆင်ကာ မှန်ရှေ့ ကိုယ်ဟန်ကိုဘယ်ညာယိမ်း၍ကြည့်နေသည် ။ဒီနေ့ နွံနဲ့အတူရွာ၏ အထင်ကရနေရာတစ်ချို့ကိုသွားမည်ဖြစ်သည် ။ရွာထဲသာ သွားမည်ဖြစ်သော်လည်း အလှတော့ပြင်ရမည်လေ ။နွံ့မျက်လုံးထဲ သံလွင်ကလူကြီးဆန်ဆန်လှနေရမည် ။အရင်ကဆိုလျှင် သန့်ပြန့်ရုံမျှသာ ပြင်တတ်ပေမယ့် ယခုတော့ နွံမျက်လုံးထဲလှနေအောင် ပြင်တတ်နေပြီ ။ချစ်ရသူ၏နှုတ်မှ လှသည် ဟုပြောသည့်စကားကို ကြားဖူးသူတိုင်းမည်သို့ ပီတိဖြစ်သလဲဆိုတာသိသည် ။

"ဒီလောက်ဆိုရပါပြီ ။တော်ကြာ လွန်ကဲနေမှဖြင့်..."

ပြင်ဆင်ပြီး၍ အိမ်အောက်သို့ဆင်းလာလိုက်သည် ။အိမ်အောက်ထပ်တွင် ထင်းခွဲနေသော ကိုကြီးချစ်ညိုထံသွား၍ ။

"ကိုကြီးချစ်ညို.."

"ဟေ.."

"သံလွင့်ကို ဆိုင်ကယ်ငှားလိုက်ဦး..။သံလွင်သွားစရာရှိလို့။"

"အေးအေး..။သော့ တိုင်မှာချိတ်ထားတယ် ယူသွား..။ဆိုင်ကယ်ကိုလည်းသေချာမောင်းဦးနော်..။"

"သံလွင်က ကျွမ်းပြီးသားဥစ္စာ..။"

ပက်ခနဲအရပြန်ပြောသွားသေးသည်။ကိုကြီးချစ်ညို၏ ရေဆေးထားသောဆိုင်ကယ် ရွှေလိုင်း အနက်တစ်စီးကိုတွန်း၍ ယူထုတ်လိုက်သည် ။ဆိုင်ကယ်မမောင်းတာကြာပေမယ့် စွမ်းရည်ကတော့ မပျောက်သေးပေ ။အရင်ကဆိုင်ကယ်မသင်ပေးလို့ ကိုကြီးချစ်ညိုကိုမခေါ်ပဲ ဆန္ဒပြခဲ့ဖူးသေးသည်မလား ။အငယ်မို့ အလျော့ပေးကာ သင်ပေးလိုက်ရသည်။

မောင်းလာရင်းပင် နွံ့ခြံရှေ့သို့ရောက်ချေပြီ ။ခြံတံခါးသော့မခတ်ထားသည်မို့ အသာလေးဖွင့်၍ ဝင်လာလိုက်သည် ။လှေခါးသုံးဆင့်တက်ကာ ခွေးကုတင်တွင်ဖိနပ်ချွတ်လိုက်သည်။အိမ်တံခါးကို စိ့ရုံမျှပိတ်ထားသည်မို့ အနည်းငယ်တွန်း၍ ဝင်လာလိုက်သည် ။အနီးအနားဝေ့ဝဲကြည့်သော်လည်း နွံ့ကိုတွေ့မနေချေ ။

"နွံ..။ရှင်ရှိနေသလား"

"နွံ ရှိနေပါတယ် သံလွင်"

သူမ၏အိပ့်ခန်းထဲမှ လက်နှစ်ဖက်ပွတ်ကာ ထွက်လာသည့်နွံ ။သံလွင် နွံမျက်နှာနုနုလေးကို တစိမ့်စိမ့်ကြည့်နေမိတော့သည် ။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Donde viven las historias. Descúbrelo ahora