"နွံ..."
"နွံကြားနေပါရက်နဲ့ကွယ်"
ဆေးခန်းသွားဖွင့်ရန် နှစ်ယောက်သားပြင်ဆင်နေကြသည်။မနေ့ညနေကတည်းက အိပ်မက်ဆိုသော အရာဖြစ်ပြီးသည်နှင့် နွံမလန်းဆန်းတော့ သိကိုသံလွင် သတိထားမိသည်။
ရင်ဖုံးအင်္ကျီကြယ်သီးလေးတပ်နေသော နွံ့ထံသို့သွားကာ ။"ကျွန်မတပ်ပေးမယ်"
"အင်း.."
နွံဟာ မငြင်းပယ်။ပြုံး၍သာ လက်ဖယ်ပေးသည်။ဘေးကြယ်သီးထုံးလေးတွေကို သေချာလေးတပ်ပေးနေမိသည်။
"မနေသာရင် ဒီတစ်ရက်တော့ နားလိုက်ပါလား"
"မဖြစ်ဘူးလေကွယ်။နားရအောင်လည်း နွံဘာမှဖြစ်မနေဘူးလေ"
"ဟုတ်လို့လား နွံရယ်...။ကျွန်မ နွံ့စိတ်ကိုအတွင်းကျကျမသိတတ်ပေမယ့်။နွံ့မျက်နှာအရိပ်ကဲကိုတော့ သေချာဖတ်တတ်ပါတယ်....။တခြားလူမဟုတ်ဘူးလေ ကျွန်မက နွံချစ်သူဖြစ်နေလို့ပဲ့.."
"ချစ်တယ်"
"ပိုပြီးတော့ချစ်နေပေး"
"အို..လောဘသမီးလေးပဲ့.."
"နွံ့အချစ်တစ်ခုထဲကိုပါ"
နဂိုကထက်ရွှင်လန်းလာသော မျက်နှာဟန်ကြောင့် သံလွင်စိတ်အေးသွားမိသည်။လူကြီးသာပြောတယ် အခုထိခံစားချက်ကို မထိန်းချုပ်တတ်သေးသူဟု မှတ်ချက်ပေးမိသည်။အပေါ်ဆုံးကြယ်သီးလေးအား တပ်ပေးပြီး၍ ။
"ပုဝါကရော.."
"ဗီဒိုထဲမှာရယ်"
သွားယူရန်ဟန်ပြင်နေသော နွံ့အား။
"ခဏ ကျွန်မသွားယူပေးမယ်"
ဗီဒိုတံခါးကိုဖွင့်၍ ဒူးထောက်ချလိုက်သည်။ဆွံံအသေးစားလေးတစ်ခုရှိသည်။
"နွံ ဒီထဲမှာလား"
"ဟုတ်တယ် သံလွင်"
ဆွဲအံခွက်လေးကို ဖွင့်၍ ရောင်စုံလင်လှသော ပုဝါများကိုတွေ့ရသည်။အဖြူကများသည်။သေသေချာချာလေးခေါက်ထပ်ထားသည်များ။
"နွံ..ပုဝါတွေကအများကြီးပဲ့ရော ဘယ်အရောင်လေးယူမလဲ"
"သံလွင်ရွေးပေးတဲ့အရောင်လေးယူမယ်"
BINABASA MO ANG
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...