ထမင်းစားပြီးငြိမ်း၍ ဧည့်ခန်းရှိတစ်ယောက်အိပ့်ကုတင်မျှပင်ကျယ်ပြန့်သည့် ခုံတန်းရှည်ပေါ်တွင်အနားယူကြသည်။နေ့ခင်းဖက်အပူကိုထန်းရွက်ယပ်တောင်လေးဖြင့်အံတုနေရှာသည့်နွံ။ထမင်းစားပြီး၍ မလှဲနှင့်ဟုမှာထားသောကြောင့် ယှဥ်လျှက်သာထိုင်နေကြသည်။နွေဦး၏ အပူဒဏ်လည်းမသေးပေ။
"ကျွန်မယပ်ဟပ်ပေးမယ် ။နွံလှဲချင်သလား"
"အလိုတော် နွံ့မေတ္တာခဲလေးက အလိုက်သိလိုက်တာနော်။ဒါဖြင့်လည်း ခဏ နွံပြန်လာခဲ့မယ်။ အော်...ပြန်လာရင် မင်းရင်ခွင်ထဲတန်းပစ်လှဲမှာမို့ အဆင်သင့်ပြုပြင်ထားနော်"
သံလွင့်အဖြေကိုပင်မစောင့်တော့ချေ။အိပ့်ခန်းထဲသို့ အမြန်ဝင်လာလိုက်သည်။ယူသင့်သည့် ပစ္စည်းများကိုညယူကာထွက်လာခဲ့၏။
"စာအုပ်ဖတ်ပြရမလား ။သီချင်းနားထောင်မလား"
စာအုပ်လေးတစ်အုပ်နှင့်ဖုန်းတစ်လုံးကိုင်ကာ သံလွင့်ဆီသို့တိုးလာသည်။
"သီချင်းဖွင့်ထားပြီး နွံမျက်နှာကိုဖတ်မယ်"
သံလွင့်စကား၌ နွံ့မျက်ခုံးလေးနှစ်တန်းချိုးရှုံ့ပစ်သည်။ပြီးနောက် ခုံတန်းရှည်ပေါ်တက်လာကာ သံလွင့်ရင်ခွင်ထဲဝင်လာသည်။
"ကိုယ့်လူစကားကို အပြည့်အဝနားမလည်လို့ နီးစပ်ရာကိုသာကောက်ချက်ချလိုက်မယ်"
နွံဟာဖုန်းထုတ်၍ သီချင်းကိုဖွင့်လိုက်သည်။ပြီးနောက် ဘေးခပ်လှမ်းလှမ်းသို့ ပြောင်းထားလိုက်သည်။စတင်ထွက်ပေါ်လာသော သံစဥ်လေးဟာ ခပ်အေးအေးလေးပင်။
*အခြေမဲ့တဲ့ မောင့်ဘဝရင်ခွင်ငယ်ထဲမှာ
ဘယ်သူခိုဝင်မှေးစက်ချင်မှာလဲ
ချစ်တတ်တဲ့ နှလုံးသား ဒီမောင်မှာရှိတယ်
ဘယ်အငြိုးကြောင့် အချစ်ရယ်မုန်းသွားတယ်....*
စိုင်းဆိုင်မောဝ်၏ ကရုဏာသက်ဖွယ်အသံဟာ ဧည့်ခန်းလေးထဲ၍ လွင့်ပြေးသွား၏ ။
သံလွင် သီချင်းသံလေးကို နားဆင်ကာ ရင်ခွင်ထဲရှိ နွံ့ကိုငုံ့ကြည့်၍ နံဖူးနှင့်ဆံပင်စပ်ကြားရှိ ထိပ်စပ်နီးနီးလေးကို ငုံ့နမ်းလိုက်သည်။ထိုအပြုအမူလေးကြောင့် နွံဟာပြုံးသွားသည်။သံလွင့်ရင်ဘတ်ရှိ ကြယ်သီးလေးကို လှုပ်ကစားနေလေ၏ ။
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...