ညဖက်တွင်လည်းအိပ့်မပျော် ။ဟော.....နေ့ဖက်ရောက်တော့လည်း အချစ်နာကျလို့ ။ညနေရောက်ရင်လည်း နွံနှင့်ဒေါက်တာသစ်ပိုင်တို့ ထမင်းစားရန်လာကြပေဦးမည် ။ထိုအခါတွင်လည်း နွံနှင့်မျက်နှာချင်းဆိုင်းတွေ့ရမာအသေအချာပင် ။
မိမိအခန်းတွင်း၌သာတိမ်းအောင်း၍နေမိသည်။ကျောင်းပိတ်ရက်ဖြစ်နေတော့ အဆင်ပြေသွားသည်။မဟုတ်လျှင်စာသင်စိတ်ရောက်မည်မဟုတ် ။ဦဘညွှန့်ရဲ့အချစ်ဒုက္ခမဟုတ်ချေ။သံလွင်ဦး၏အချစ်ဒုက္ခပေတည်း။
"အို မေရယ်ဘာကြောင့်များ ငြင်းရက်နိုင်တာလဲကွယ်..
ဒီမောင်မှာ ညတိုင်းပဲ့ အိပ့်မရနိုင်ပါတော့တယ်...
အဆင်မပြေတာတွေလည်း..ပြောပြချင်တယ် အချစ်ကလေးရယ်
အို အကြောင်းအမျိုးမျိုးကြောင့်ကွယ်
တို့နှစ်ယောက်ကွဲသွားမှာကို စိုးတယ်...."
စိုင်းဆိုင်မောဝ်၏ "အိပ့်မရတဲ့ညပေါင်း"သီချင်းကို အသံအောင်အောင်ဖြင့် ဆွေးဆွေးမြေ့မြေ့လေးသီဆိုလိုက်သည့် ကိုကြီးချစ်ညိုကြောင့် ခံစားချက်တိုက်ဆိုင်နေသော သံလွင့်အဖို့နားထောင်ရန် ဘယ်လိုမှကို အဆင်ပြေမနေပေ ။
မိမိအခန်းထဲမှထွက်လာ၍ အသံလာရာ အိမ်အောက်ကွပ်ပျစ်ဆီသို့ ဆင်းလာသည် ။
"ရင်နာစရာ စကားတွေလည်း ..".
"ကိုကြီးချစ်ညို"
"ဘာတုန်း"
"နေ့ခင်းကြောင်တောင်ကို အသံပြဲကြီးနဲ့ ဘာသီချင်းတွေဆိုနေတာလဲ.."
"ဟမ်...။"
ကိုကြီးချစ်ညိုဘာနေနေဂရုစိုက်မအားတော့ပေ ။အိမ်အနောက်ဖက်သို့သာ လှည့်ထွက်လာလိုက်သည် ။
မိမိကိုအကြောင်းမဲ့သက်သက် လာအော်သွားသော ညီမဖြစ်သူသံလွင်အား ချစ်ညိုခေါင်းတကုတ်ကုတ်ဖြင့်သာ ကြည့်နေမိတော့သည် ။
ပြီးမှ မိမိမနေ့ကဖြစ်စဥ်ကို ပြန်သတိရကာ ။သက်ပြင်းရှည်ရှည်တစ်ချက်ချပစ်လိုက်သည့် ချစ်ညို ။
"ဒေါက်တာလေးရယ်..။ကျုပ် ခဗျားကို လွတ်လွတ်လပ်လပ်တောင် လွမ်းလို့မရပါလားဗျာ..။"
![](https://img.wattpad.com/cover/337514775-288-k597720.jpg)
ESTÁS LEYENDO
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Acciónမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...