Part _11

27.3K 1.1K 127
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _11

ဟန်ထွန်းရဲ့ ဘောင်းဘီလေးကို အသိမပေဘဲ ဆွဲလှန်လိုက်တာကြောင့် ဟန်ထွန်းလန့်တောင်လန့်သွားရလေသည်...

"ဟာ"

သွေးတွေတောင်စို့နေသော အရှိုးရာများက သူ့ရင်ဘတ်ကို ဝေဒနာတစ်ခုပေးလိုက်သကဲ့သို့ နာကျင်အောင့်မျက်သွားလေသည်....

"ကျွတ် ...ကလေးတစ်ယောက်ကိုဒီလောက်ထိ"

"ဖယ်....ဖယ်ပါ"

ဘောင်းဘီစကို ကိုင်ထားတဲ့ ဦးသခင်ရဲ့ လက်ကို ဖယ်ခိုင်းလိုက်တော့ ဦးသခင်ရဲ့လက်တွေရုတ်သိမ်းသွားလေသည်.....

"အရမ်းနာနေလား ချာတိတ်"

"ပန်းနဲ့ပေါက်သလိုပဲလေ မသိဘူးမဟုတ်လား"

ဒီလိုချိန်တောင်သူ့ကို အရွဲ့စကားပြောနိုင်တဲ့ဟာလေး.....

"လာ...ငါနဲ့ လိုက်ခဲ့ "

ဟန်ထွန်းလက်မောင်းကို ဆွဲလာတဲ့ ဦးသခင်ရဲ့ လက်တွေ...

"ဘယ်ကိုလိုက်ရမှာလဲ ဘယ်ကိုမှ မလိုက်နိုင်ဘူးနော် ဖယ်....လွှတ်"

"ထဘီပြန်မယူတော့ဘူးလား"

"အဲအကြောင်းမကြားချင်ဘူးနော်  ရှင်ကြီး ဖယ် လွှတ် "

ချက်ချင်းမျက်ရည်တွေဝဲတက်လာကာ သူ့ကို
ဘုကြည့်ကြည့်ရင်းရုန်းကန်နေလေသည်...

"ထဘီက ရှိတယ် "

သူပြောလိုက်တဲ့ စကားကြောင့် ရုန်းကန်နေတဲ့ သူမလေးလက်တွေ ငြိမ်သွားလေသည်...

"အီးးးးဟီးးးး လူယုတ်မာကြီး အခုဟန်ထွန်းရိုက်ခံရတာ ရှင်ကြီးကြောင့် သိရဲ့လား ရှင်ကြီးကြောင့်  "

"ဟုတ်ပါတယ်ကွာ ငါ့ကြောင့် ငါ့ကြောင့်မို့ မငိုပါနဲ့တော့ အိမ်ကိုလိုက်ခဲ့နော် ခဏလေးပဲ ပြန်ပို့ပေးမယ်"

သူပွေ့ချီဖို့ ရွယ်လိုက်တော့...

"ဘာလုပ်တာလဲ"

"လမ်းမလျှောက်နိုင်ဘူးမဟုတ်လား "

"အပိုမလုပ်နဲ့ ကိုယ့်ဘာသာလျှောက်မယ်"

ခံလိုက်ပါအုံး သက်ဦးသခင်ရယ် စေတနာတွေရေစီးကမ်းပြိုဖြစ်နေတာမဟုတ်လား အပြောခံလိုက်...ဒီဟာလေးနဲ့တွေ့ရင် အပြောခံနေကျပဲလေ မင်းလည်းရိုးနေရောပေါ့.....

🌟Soulmate🌟Where stories live. Discover now