Part _49

27.8K 1K 42
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _49

ဟန်ထွန်းတို့လင်မယား အိမ်ပြန်လာတုန်းပဲရှိသေး ခြူးကသစ်နွယ်ဆုံးပြီတဲ့လေ....
သူ့ရဲ့အဆက်ဟောင်းလိုလူကထောင်ကားပေါ်တက်နေတုန်းကားနဲ့တိုက်ပစ်တာတဲ့ ...
သူမတကယ်သေဆုံးသွားတာ ယုံတောင်မယုံနိုင်ဘူး...
ကိုကြီးကတော့ သူပြုသည့်ကံ သူပြန်ခံရတာတဲ့...
သေလူလိုဟန်ဆောင်ခဲ့တဲ့သူမဟာ တကယ် ဆုံးပါးသွားခဲ့ရှာပေမယ့် ဥပဒေအရ သူမဝိဥာဥ်ကိုတော့ ၂၅နှစ်တိတိ ဖမ်းချုပ်ထားရမယ်တဲ့လေ....

အရာအားလုံးငြိမ်းချမ်းသွားချိန်မှာတော့ ဟန်ထွန်းလည်းပုံမှန်စာတွေဆက်သင်လိုက် ကိုကြီးနဲ့အတူပျော်နေရပြီး မေမေသင်ကြားပေးတာလိုက်လုပ်ရင်းတစ်ရက်တစ်ရက်အချိန်ကုန်လာတော့သည်....

"ကလေးလေး ညဥ့်နက်နေပြီ အိပ်ရအောင်"

"ခဏလေး ကိုကြီးရဲ့ ဒီမှာဟန်ထွန်းLetterရေးနေတာပြီးတော့မယ်"

"မနက်ဖြန်သင်တန်းပိတ်တယ်လေ ကလေးရယ် မနက်မှဆက်ရေးလေ အိပ်ရအောင်"

"စာလုပ်ချင်တဲ့Moodက ဒီညပေါ်နေတာလေ မရဘူးပြီးအောင်လုပ်မယ်"

"ဟွန်း ပြောမရပါလား ကဲဒါဆိုလည်း ကိုကြီးအိပ်
နှင့်မယ် Good night kissလေးပေး"

"အာ စာလုပ်နေတယ်လေ ကိုကြီးရယ်"

"မရဘူးကွာ ပေးရမယ်"

"2minutes wait"

သက်ဦးသခင်ရဲ့မျက်ခုံးတွေတွန့်ချိုးသွားကာစားပွဲပေါ်က သူ့ဖုန်းကို လှမ်းယူလိုက်လေသည်...
နှုတ်ခမ်းအစုံက တစ်ချက်ပြုံးလိုက်ကာ messanger chatတစ်ခုကို ဖွင့်လိုက်ကာ ထိုအထဲက voice chatတစ်ခုကို ဖွင့်လိုက်လေသည်...

"Good night ကိုကြီး"

"ဟမ်"

ဘောပင်ကို ပစ်ချပြီး စာအုပ်ကို ဘေးပို့လိုက်ကာ ကိုကြီးဘေးနား ကပ်လိုက်လေသည်...

"ကိုကြီးအခုနက ဘာအသံလဲ"

"ဘာလဲအထွန်းလေးရဲ့ ကိုကြီးအိပ်တော့မယ်"

"မရဘူး ပြပြ "

"ဘာကို ပြရမှာလဲ"

"အခုနက ဘယ်ကမိန်းမအသံလည်း ဘယ်သူပို့တာလဲအဲ့ဒါ"

🌟Soulmate🌟Où les histoires vivent. Découvrez maintenant