Part _26

26.7K 963 30
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _26

မြေးက "ကိုကြီး" လို့ခေါ်လိုက်တာကို
ဒေါ်နန်းသခင်ပြည့်စုံ သေသေချာချာကို ကြားလိုက်တာဖြစ်သည်.....
ဒီကလေးတွေ ဘယ်တုန်းက အခေါ်အဝေါ်တွေပြောင်းသွားတာလဲဟု စဉ်းစားနေမိတော့သည်......

ရွှေဘိုဝိုင်းကို ထိတောင်မထိရသေး  သူ့ကို သံကုန်အော်ဟစ်ကာ အလိုမကျသလို ကြည့်နေတဲ့ အထွန်းလေးကြောင့် သက်ဦးသခင် ပိုလို့တောင် စိတ်တိုလာရတော့သည်...ပုံမှန်ဆို ကလေးက သူ့ကို ချစ်ကြောက်ရိုသေနေတာကို အခု ဒီခွေးသားကြောင့် ပြန်အော်နေပြီဖြစ်သည်....
အဲ့ဒါ ဟိုခွေးသားမကောင်းလို့  သူ့ဘေးနား အထွန်းလေးမရှိရင် ရုပ်က သနားကမားလုပ်ပြပြီး အခုအထွန်းလေးဘေးမှာရှိတော့ ဂျွိုကြွနေတာဖြစ်သည်...

"လာခဲ့ အခု"

"အမေ့"

ခါးကနေ မြှောက်ချီလိုက်တာမို့
ဟန်ထွန်းကိုယ်လေး လေပေါ်ဝဲခါသွားရင်း ယက်ကန်ကန်နဲ့ ဦးသခင်ချီပိုးထားရာနောက်ပါသွားတော့သည်...

ဒေါ်နန်းသခင်ပြည့်စုံ သေချာချင်တာမို့ ထွက်ကြည့်လိုက်သောအခါ ရွှေဘိုဝိုင်းကလွဲ၍ဘယ်သူမှမရှိ...

"ဟော ဒီကလေးတွေ အခုနကပဲ အသံကြားတယ် အခုဘယ်ရောက်"

_
_
_
_
"ကိုကြီး"

"အောက်ချပေး ....ကိုကြီး"

အိမ်ဘေးကနေ ပတ်ချီလာကာ ဟိုးနောက်ဖက်ခြမ်းက ဟန်ထွန်းစိုက်ထားသော ဆလပ် မုန်လာ နံနံပင် ပူစီနံ မျိုးစုံစိုက်ထားသော စိုက်ခင်းသို့ဖြစ်သည်......

"ဦးသခင် "

ခပ်ကြမ်းကြမ်းလေးခေါ်လိုက်မှ ဟန်ထွန်းကို မြေပြင်သို့ချပေးကာ ခါးထောက်ကာကြည့်နေလေသည်...

"ဘယ်လိုခေါ်လိုက်တာလဲ အခု"

"ဟန်ထွန်းကို ဘာလို့ ဒီလိုလုပ်လဲ"

"အခုအဲတိရစ္ဆာန်ကြောင့် အထွန်းလေးက ကိုကြီးကို ရန်လိုနေတာနော်"

"ဟန်ထွန်း အလကားရန်လိုနေလို့လား   ကိုကြီးက ကိုယ့်ထက်အားနည်းတဲ့ သက်ရှိလေးကို ရိုက်ဖို့လုပ်တာလေ "

🌟Soulmate🌟Tempat cerita menjadi hidup. Temukan sekarang