Part_60

30.9K 1K 37
                                    

🌟Soulmate🌟
~~~~~~~~~~~~~~
Part _60

"Ring Ring ""

"ဟဲလို  ချယ်ရီ"

..................

"ဟယ်  အဲလောက်တောင် အစောကြီးပစ္စည်းပြတ်သွားတယ်လား လာချသွားတာ တစ်ပတ်တောင် မရှိသေးတဲ့ဟာကို"

...............

"အင်းပါ  အင်းပါ အဲဒါဆိုလည်း  ပစ္စည်းချတဲ့ ကုမ္ပဏီကို ငါဖုန်းဆက်လိုက်မယ်လေ  နင်ငွေလွှဲဖို့ပြင်ထားလိုက်နော်"

..............

"အင်း အင်း အေးပါဟယ် လာမှာပေါ့  ငါမလာလည်း  နင်ရှိနေတော့ စိတ်ချလို့ မလာတာပေါ့ဟဲ့
အားကိုးရတဲ့  ငါ့သူ့ငယ်ချင်းလေး  အပျိုကြီးဖြစ်ပါစေတော်  အဟင်း ခစ် ခစ်"

...............

"အဟီး  နင်အပျိုကြီးဖြစ်နေမှ နင်က ငါ့ဆိုင်မှာမြဲနေမှာလေဟာ  ငါ့ကိုပဲကြည့် ကလေးတွေ တပြုံတမနဲ့   ဘယ်လောက်ပြေးလွှားရသလဲဆိုတာ နင်အကုန်သိနေရဲ့နဲ့များယောကျာ်းယူမယ်ဟုတ်လားအံ့သြဘကမ္ဘောဇ"

.............

"ဟယ် ငါယူတာက နင်လိုရည်ရွယ်ပြီး အိမ်ထောင်ပြုချင်တာ မဟုတ်ပါဘူးနော်
ဒါက မတော်တဆယူမိတာ ဟဲ့  ဟွန့်"

...............

"ဟဲ့  အဲဒီသုံးပူးလေးကလည်း မတော်တဆပဲအဟင်းဟင်းခစ်ခစ်"

.............

"တမင်ရည်ရွယ်ပြီး ယူရင်ဘယ်နှစ်ယောက်ရနိုင်လဲဆိုတော့ အင်း....... ချယ်ရီနော် ငါတောင်ဒီမှာ ယောင်ကုန်ပြီဘာလို့  ထပ်ယူရမှာလဲဟဲ့ ကလေးက သုံးယောက်ဆိုတာနည်းလား နင်မမွေးရတိုင်း လူကို
လာပြောနေတယ်"

"အေး  အေးဒါပဲနော် သူငယ်ချင်း နောက်နှစ်ရက်လောက်နေရင်ငါ အောင်ပန်းကို လာခဲ့မယ်လေ နင့်အိမ်ကို ဘာပြောလိုက်ရအုံးမလဲ  နင်အိမ်ကနေယူချင်တာရှိရင်လည်းဖုန်းဆက်လိုက်နော်  ငါလာရင်ယူလာခဲ့ပေးမယ်"

..............

"အင်း အင်းပါ အိုကေ ချပြီနော်"

နန်းချယ်ရီဆိုတဲ့ သူငယ်ချင်းလေးက လင်းခေးရောက်မှ ခင်မင်ရတာဆိုပေမယ့် တကယ့်ကိုပြောမနာ ဆိုမနာ ညီအစ်မအရင်းတွေလိုချစ်ရသော
သူငယ်ချင်းဖြစ်လေသည်.....

🌟Soulmate🌟Tempat cerita menjadi hidup. Temukan sekarang