Part _24

27K 1K 37
                                    

🌟Soulmate🌟
~~~~~~~~~~~~~~
Part _24

သက်ဦးသခင်တစ်ယောက် တစ်ရက်မတွေ့ရရင်မနေနိုင်တာမို့အထွန်းလေးရှိတဲ့ဆိုင်ကို လာခိုက်  မလှမ်းမကမ်းကနေတောင်ကြားလိုက်ရတဲ့ရန်ဖြစ်သံ ထိုအထဲကအသံပိုင်ရှင်လေးကတော့ ပြေးမကြည့်နဲ့ သူ့ကလေးလေးဖြစ်သည်....တစ်ခြားဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ သူမလေးအနား ပြေးလာလိုက်တော့သည်....

"ကလေး ဘာဖြစ်နေတာလဲ"

"ဟင် ...ကိုကြီး"

ဒေါ်ခင်ကြွားရီနဲ့ ဒေါ်မောင်းကိုကောင်းကောင်းရန်တွေ့နေတုန်း ရုတ်တရက်ကိုကြီးကရှေ့ရောက်လာတာမို့  ဟန်ထွန်း လန့်သွားလေတော့သည်...

"သူတို့ပေါ့ အမေကို မဟုတ်မဟတ်တွေပြောနေတာ"

ဘယ်လောက်တောင်ဒေါသတွေကြီးနေလည်းမသိ သူမလေး မျက်နှာလေးကနီရဲနေလေသည်....

"ဟဲ့ လူကြီးကသိလို့ပြောနေတာ ဟန်ထွန်း နင်ကသာဘူးခံငြင်းနေတာ"

"အောင်မယ် ငါက နင့်ထက်ထမင်းအရင်စားပြီးကြီးလာတာ ငါပြောတာကိုလက်ခံလိုက်ဆိုတာမျိုး ဟန်ထွန်းကို လာမကြောနဲ့နော်   လူကြီးဖြစ်ပြီး အငုံစိတ်ကြီးနဲ့  သူများအမေကို လာမပုတ်ခတ်နဲ့ "

"ဟဲ့ ဒီကလေး ပြောလေရိုင်းလေ "

"ယဉ်ကျေး တော်တော့ မပြောနဲ့တော့  ဒီဘက်က အဒေါ်တို့လည်းတော်ပါတော့  ကလေးကိုဒီလိုစကားတွေမပြောသင့်ဘူးလေ ဘယ်သူမဆို သူ့မိဘမကောင်းကြောင်းပြောရင် အနည်းနဲ့အများပြန်ပြောမိမှာပါပဲ "

"မောင်ရင်ကဘယ်သူလဲ သူနဲ့ဘာတော်လဲ မင်းဒီကလေးမအကြောင်းဘယ်လောက်သိလို့လဲ သူ့အိမ်ကသူ့အမေတောင် မနိုင်လို့ သူများအိမ်သွားထားတာ "

"သိပ်သိတာပေါ့"

ပြန်ခံပြောမယ့်ပြင်နေတဲ့ ကိုယ်လေးကို သူ့အနောက်သို့ ဆွဲပို့ လိုက်လေသည်...

"ဒီကလေးအကြောင်းကိုအသိဆုံးကကျွန်တော်ပဲ ဒီကလေးလောက်လိမ္မာတာဒီကလေး ပဲရှိတာ လူကြီးတွေက မဟုတ်တာပြောလို့ ဒီကလေးက ပြန်ပြောမိတာလေးပဲရှိတာ"

ဒီမိန်းမကြီးတွေကဟန်ထွန်းကိုကျ ပြန်ပြောပြီး ဦးသခင်ကိုကျ ပြန်မပြောရဲ ငြိမ်ကုတ်နေလေသည်....ဦးသခင်ပုံစံကလည်း ဘယ်သူမှ ပြန်မပြောရဲလောက်တဲ့ အရှိန်အဝါတစ်မျိုးက ရှိနေတတ်တာဟန်ထွန်းမြင်မိသည်...ဟန်ထွန်းတောင်ကြောက်ရတဲ့လူကြီးလေ ဒီလူကြီးက....

🌟Soulmate🌟Where stories live. Discover now