Part _58

30.3K 1.2K 60
                                    

🌟Soulmate🌟
~~~~~~~~~~~~
Part _58

"ဟားး ဟာကွာ ငါမပါပဲ ငါ့မိန်းမနဲ့ငါ့ကလေးတွေက ဘယ်လိုတွေများ အ အားး အားး"

အသက်ရှုလို့မရတော့အောင် လူကမွန်းကြပ်နေကာ ရင်ဘတ်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသလိုမျိုး ခံစားနေရပြီး ရင်နာရလွန်းတာမို့ ရင်ဘတ်ကိုဖိထားမိကာ မျက်ရည်တွေက တာတမံကျိုးသလ်ိုအဆက်မပြတ် စီးကျလာလေသည်....

ကိုယ့်ကလေးလေးက ဘယ်လောက်တောင်များ ပင်ပန်းနေရှာလိုက်မလဲ ငါ့သားနဲ့သမီးလေးတွေက အဖေဆိုတာ ဘာမှန်းမသိပဲ ဒီအရွယ်ထိတောင် ရောက်လာကြပြီတဲ့

အားး အဟ အဟ အဟ အားးး

အနားမှာမျက်ရည်တွေနဲ့ရပ်နေရှာတဲ့ ကလေးလက်ကို ဆွဲပြီးသားတို့မောင်နှမသုံးယောက်ရှေ့ မှာဒူးထောက်ထိုင်ချလိုက်ကာရင်ခွင်ထဲမှာ သားအမိလေးယောက်လုံးကို တင်းကြပ်စွာဖက်ထားလိုက်ပြီး ငိုနေမိတော့သည်.....
_
_
_
_
ကိုကြီးကို ဒီလိုမျိုးရင်ကွဲနေတဲ့အသံကြီး နှလုံးသွေးတွေ ယိုစီးကျနေသလိုမျိုးကြီးနဲ့ ငိုတတ်
လိမ့်မယ်လို့ ဟန်ထွန်းတစ်ခါမှမထင်မိခဲ့ .......

ဟန်ထွန်းကို အရမ်းချစ်တာတော့သိပေမယ့်
ဟန်ထွန်း ထွက်လာတဲ့အခါ အခုလောက်ထိကြီး
ကိုကြီးခံစားနေရလိမ့်လို့တော့ မသိခဲ့ပါ ....

ဟန်ထွန်းတစ်ယောက်ထဲကသာ ဒီလိုမျိုးခံစားနေခဲ့ရတာ မဟုတ်ပဲကိုကြီးကလည်း ဟန်ထွန်းလိုပဲရင်ကွဲနေခဲ့တာလား လူကွယ်ရာရောက်ရင်ငိုနေခဲ့ရတာလား.....
အို ငါ့ ကိုကြီးလေးသနားပါတယ်.....

ဟင် ဒါ ဒါဆို ကိုကြီးနဲ့ ဟန်ထွန်းက တစ်ယောက်က တစ်ခုခုဖြစ်နေရင် နောက်တစ်ယောက်ကလည်း လိုက်ဖြစ်တဲ့အထိ အချစ်တွေကထပ်တူကျခဲ့ကြတာလား....
ငါရဲ့အကြောက်တရားတွေ သိမ်ငယ်မှုတွေ သံသယတွေက ကိုကြီးရဲ့ရင်ကိုခွဲစေမိခဲ့တာလား....

မိသားစု ငါးယောက်အခုမှဆုံကြရပြီး ငိုနေကြရှာတဲ့ပုံလေးကိုကြည့်ကာ ဘယ်သူမှ မျက်ရည်မဆည်နိုင်ကြ.....

စိုင်းဟန်ခမ်းဖိတ်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်ဖြစ်နေကာ ဒေါ်နန်းရွေမှုန်ကတော့ တစ်ဖက်သို့လှည့်ကာ မျက်ရည်သုတ်နေရှာလေသည်.....

🌟Soulmate🌟Opowieści tętniące życiem. Odkryj je teraz