Part _15

31K 1.2K 94
                                    

🌟Soulmate🌟
~~~~~~~~~~~~
Part _15

သက်ဦးသခင် ဒေါသထွက်ထွက်နဲ့လျှောက်လာရင်း  တခွိခွိအသံကြားလို့ လှည့်ကြည့်လိုက်တော့  မျောက်လောင်းလေးဆီက.....

"ဘာဖြစ်နေတာလဲ အဲဒါက ကောင်လေးတွေက စသွားတာ တော်တော်သဘောကျနေတယ်ဟုတ်လား  လိုက်သွားပါလား တစ်ခါတည်း"

"ဦးသခင်က  ဟန်ထွန်းအဖေသီချင်းဆိုတာတောင် စိတ်ကအရမ်းတိုပါတယ်ဆို
သူတို့က  ခိခိခိ"

"တိတ်စမ်း !!အသံထွက်မလာနဲ့တော့  မင်းကဘယ်သူ့အတွက်အလှတွေ စွတ်ပြင်ထားတာလဲ လမ်းကဖြတ်သွားသမျှလူတွေမျက်စိက မင်းဆီမှာ"

"ဦးသခင်ကလည်း ဟန်ထွန်းကဘာအလှမှမပြင်ထားပါဘူးနော် ဒီအင်္ကျီကလဲ ကြာလှပြီ သူများအလှူဆိုတော့ အိမ်နေရင်းနဲ့သွားရင်မကောင်းလို့ပါ"

မျက်နှာလေးက ဘာမှလိမ်းမထားတော့  ပါးပြင်နုနုလေးပေါ်က သွေးကြောသေးသေးလေးတွေကိုပါမြင်နေရသည်.......
သူ့မှာ ငုံထားရုံနဲ့မတင်းတိမ်နိုင် မျိုသာချထားချင်စိတ်သာများနေတော့သည်....

ရန်ဖြစ်ရင်း အိမ်ရောက်လာတော့ တံခါးတောင်မဖွင့်ရသေးရွှေဘိုဝိုင်းက တစ်ဟုန်ထိုးပြေးလာသည် ........

"ဟင် ဦးသခင်ပြောတော့ အဝိုင်းလေးနေမကောင်းလို့ဆို"

"အေး အခုကောင်းသွားလို့ဖြစ်မှာပေါ့ အဲဒီကောင်ကစိတ်မှမမှန်တာထိန်းတဲ့လူလိုပဲ"

"ဦးလေးနော် ဘာစိတ်မမှန်တာလည်း လူကိုနော် ဟွန့်"

"အဝိုင်းနေကောင်းရင် ဟန်ထွန်းပြန်တော့မယ် ဒီနေ့ဖွားက ခွင့်ပေးထားတာကို"

"မေမေပေးတာ ငါမပေးဘူး ဝင်အထဲကို"

"ဟန်ထွန်း မဝင်တော့ပါဘူးဆို"

"ကဲအမိ  စကားတွေမရှည်နဲ့  အထဲကိုဝင် အပြင်မှာနေဒီလောက်ပူနေတာ လမ်းကသလားချင်သေးတယ်"

အိမ်ပြန်လည်း အားနေတယ်ဆိုပြီး နေပူထဲ လျှောက်သွားနေမယ့်ရုပ် မသိရင်ခက်မယ်......

"ဟန်ထွန်းက အခု  ဘယ်မှလျှောက်မဆော့ပါဘူးနော် ဒီမှာမရှိရင် အိမ်မှာ တစ်ခါတစ်လေအမေခိုင်းတာလေးတွေကိုကူလုပ်ပေးတယ်ဘယ်မှလေလွင့်ပြီးသွားမနေဘူး"

🌟Soulmate🌟Where stories live. Discover now