Part -71

20.4K 880 36
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _71

"ဟာ "

"ဟယ်"

"ဟာ ကလေးလေး ဒါ  ဒါ  ညာညာတို့မွေးစတုံးက ပုံလေးနဲ့တူ အတူတူပဲ မဟုတ်လား ဟင်"

"ဟယ်  ကိုကြီးရယ် အကြီးလေးတွေနဲ့ တစ်ရုပ်ထဲကို တူနေတာ အတူတူပဲ  တကယ်ကြီးကိုအတူတူပဲ "

ဟန်ထွန်းဓါတ်ပုံလေးတွေရိုက်ထားတယ်လေ မွေးစကနေအခုအရွယ်ထိ ကိုကြီးလည်းခဏခဏကြည့်နေတော့ သူတို့မွေးစက ရုပ်ကလေးတွေက်ု မှတ်မိနေမှာပဲ ......

"ဟာကွာ အသည်းယားလိုက်တာ မိန်းမရာ ထူးဆန်းလိုက်တဲ့ baby လေးတွေကွာ အခုဒီပူတူးလေးကိုဓါတ်ပုံရိုက်ထားရင် ဟိုကောင်တွေကသူတို့ပုံလို့
ငြင်းမှာသိလား "

"ဟား ဟား ဟား"

""အဟင်းဟင်း""

"ကိုကြီး သားသားလေး"

"ဟုတ်ပဗျာ ကိုယ့်ကလေးလေးပင်ပန်းသွားပြီ"

ချစ်စရာ သားသားလေးဟာ အမွှာသုံးယောက်မွေးစကရုပ်နဲ့တစ်ပုံစံတည်းတူနေတာကို ကိုကြီးကအရမ်းတွေသဘောကျနေလေသည်....

_
_
_
_
ခွဲခန်းထဲကထွက်လာပြီးအခန်းပြောင်းပြီးတော့ သိပ်မကြာ  ကလေးက သားငယ်လေးကို နို့တိုက်နေရင်းအိပ်ပျော်သွားရှာလေသည်  ....

သားငယ်လေးကို special nurseက ချီပွေ့ယူကာ သီးသန့်ကလေးကုတင်လေးမှာ သိပ်ထားပေးလေသည် ......
nurse ကိုအပြင်ထွက်နားဖို့ပြောလိုက်ပြီး အခန်းတံခါးကို အသာအယာပြန်ပိတ်လိုက်သည်....

သက်ဦးသခင် ကလေးရဲ့ကုတင်ဘေးကခုံမှာ ထိုင်ကာ လက်ကလေးကို ယုယကြင်နာစွာ ဖွဖွလေးထွေးဆုပ်ပြီး နှုတ်ခမ်းတွေနဲ့ဖိကပ်ထားမိလေသည်...

အရမ်းပင်ပန်းသွားလို့အိပ်ပျော်နေတာလား ကလေးလေးရယ် ကိုကြီးနဲ့ကလေးက အခုဆိုမိသားစု
ခြောက်ယောက်တောင် ဖြစ်နေပြီတဲ့ကွာ မယုံနိုင်လောက်အောင်ပါပဲလား ကလေးရယ်.....

ကလေးလေးနဲ့စတွေ့တဲ့အချိန်ကနေ အခုအချိန်ထိ ရင်တွေခုန်ရ ပျော်ရ ကြည်နူးရ ငိုရ ရင်တွေကွဲရတာတွေကို ပြန်လည်မြင်ယောင်ကာ သက်ဦးသခင်ရင်ထဲမှာ ခံစားချက်တွေအမျိုးမျိုးပြောင်းလဲနေလေသည်.....

🌟Soulmate🌟Où les histoires vivent. Découvrez maintenant