Part _40

33.1K 1.1K 43
                                    

🌟Soulmate🌟
~~~~~~~~~~~~~~
Part _40

အုတ်ဂူလေးကို ကြွေပြားဖြူဖြူလေးတွေကပ်ထားကာ ဝင်းခတ်ထားလေသည်..... ဖုံမရှိ အမှိုက်မရှိ
သန့်ရှင်းနေတာမို့ မကြာခဏလာရှင်းပေးထားမှန်းသိသာလေသည်.....

ကလေးကိုကြည့်လိုက်တော့ ဘယ်အချိန်ကတည်းက ငိုနေရှာမှန်းတောင်မသိ မျက်ရည်တွေမပြတ်တမ်းစီးကျနေကာ.....

ဦးဟန်ထွန်း
အသက်.......
..........တွင်ရုတ်တရက်ကွယ်လွန်သည်ဆိုသည့်နေရာလေးကိုမျက်တောင်မခတ်ငေးစိုက်ကြည့်နေလေသည်.......

စာလေးကိုကြည့်နေပေမယ့် မြင်နေရဟန်လည်းမတူပါ.....

"ကလေးလေး မငိုနဲ့လေကွာ
လာထိုင် ကိုကြီးတို့အဖေ့ကိုကန်တော့ရအောင်"

"အဟင့် ဟင့် ဟင့် ကိုကြီး"

သူ့ရင်ခွင်ထဲကို မှီချလာပြီး သည်းသည်းထန်ထန်ငိုနေရှာတဲ့ ကလေးကြောင့် ရင်ခွင်ထဲကိုဆွဲကပ်ထားလိုက်ပြီးကျောကို ဖွဖွလေး ပုတ်ကာ ပွတ်ပေးနေလိုက်သည်.....

သူမလေးကို အားရအောင်ငိုစေပြီးတော့မှ မျက်နှာလေးကိုညင်သာစွာဆွဲမော့လိုက်ပြီးမျက်ရည်တွေကို ကြင်ကြင်နာနာနဲ့သုတ်ပေးလိုက်သည်.....

"ကဲ ကလေးလေး ဒီနေ့တစ်ခါတည်းဝအောင်ငိုပစ်လိုက် နောက်ရက်တွေကျရင် မငိုရတော့ဘူးနော် ဟုတ်ပြီလားတော်ကြာသွားနှင့်တဲ့သူကစိတ်မဖြောင့်ပဲနေလိမ့်မယ်..... အဖေ့အမှုနဲ့ပတ်သက်ပြီးကိုကြီးက အမှုမှန်ပေါ်အောင်လုပ်ပေးမှာမို့ ကလေးက ပြီးခဲ့တာတွေ အားလုံးကို မေ့ပစ်လိုက်တော့ဟုတ်ပြီနော်"

ကလေးနဲ့အတူတူကန်တော့ရင်းအုတ်ဂူကယောက္ခမ ဖြစ်သူဓါတ်ပုံကိုကြည့်ကာ သက်ဦးသခင် စိတ်ထဲကစကားတွေပြောနေမိသည်  .....

စိတ်ချပြီးသွားပါအဖေ အဖေ့သမီးနဲ့ အဖေ့မိသားစုကိုကျွန်တော်စောင့်ရှောက်မှာမို့ အဖေစိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါတော့ .......

"ကဲ ထ ကလေးလေး  ပြန်ကြစို့နော်"

သူဆွဲခေါ်လို့သာ ပါလာရပေမယ့် သူ့အဖေအုတ်ဂူလေးကိုလှည့်ကြည့်လှည့်ကြည့်နဲ့အနားကခွါချင်သေးပုံမရတဲ့ကလေးလေးပုံဟာ သနားစရာကောင်းလွန်းလှတာမို့ သက်ဦးသခင် ရင်ထဲမှာထိထိခိုက်ခိုက် ခံစားရကာပြောမပြတတ်အောင် ကြင်နာသနားရလေသည်.......

🌟Soulmate🌟Where stories live. Discover now