Part -57

30.6K 1.3K 96
                                    


🌟Soulmate🌟
~~~~~~~~~~~~
Part _57

ဒီတစ်သက် ဟန်ထွန်းဘဝမှာဘယ်တော့မှ မမြင်တွေ့ရတော့ဘူးလို့ ထင်ထားခဲ့ရတဲ့ ကိုကြီးရဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့အချိန်မှာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့ ဟန်ထွန်းရဲ့ ရင်ခုန်သံတွေက ထိန်းမရအောင်ဆူညံနေကာ နှလုံးသားတွေက အပြင်ကိုခုန်ထွက်လာတော့မလားလို့ ထင်နေရလေ
သည်....

လွမ်းလိုက်ရတာ ကိုကြီးရယ်...

ရှက်ရွံ့သိမ်ငယ်ရလွန်းလို့သာပြေးထွက်လာခဲ့ရ
ပေမယ့် ဟန်ထွန်းရဲ့နှလုံးသားက ကိုကြီးရဲ့အနားမှာပဲ ကျန်နေခဲ့တာပါ....
ရင်ဘတ်ကဗလာနဲ့ သေတာနဲ့မထူးတော့တဲ့ဘဝမှာ ကိုကြီးရဲ့ကိုယ်ပွါးလေးတွေကြောင့်သာ ဟန်ထွန်းဆက်ပြီးအသက်ရှင်နိုင်ခဲ့တာ ကိုကြီးနဲ့မေမေက ဟန်ထွန်းရဲ့ကလေးလေးတွေကို မကြည်ဖြူမှာမျိုးကိုဟန်ထွန်း ရင်မဆိုင်ရဲပဲသေလောက်အောင်ကြောက်ရွံ့မိတာမို့ အကြာကြီးပုန်းနေခဲ့မိတာပါ
ကိုကြီးရယ်...

ကိုကြီးအဆင်ပြေတယ်မဟုတ်လားဟင် ဒီလောက်
နှစ်တွေကြာမှတော့ အိမ်ထောင်တွေလည်းကျနေရောပေါ့နော် ဟန်ထွန်းထက်အစစအရာရာသာတဲ့သူတွေက ကိုကြီးနားမှာ အများကြီးပဲလေ.....

ဟန်ထွန်းဆက်နေရင် ငိုချမိတော့မှာမို့ သမီးလေးလက်ကိုဆွဲပြီးလှည့်အထွက်....

"လွမ်းလိုက်တာ ကလေးလေးရာ"

အို ကိုကြီးရယ်.....

ကိုကြီးကိုထားခဲ့ပြီးထွက်လာခဲ့တဲ့သူတစ်ယောက်ကို ကိုကြီးကအခုချိန်ထိ ဆွဲထားချင်နေတုန်းပဲလား....

အနောက်ကနေ
အတင်းဖိကပ်ပြီးဆွဲဖက်ထားတော့ မပြောင်းလဲသေးတဲ့ ကိုကြီးရဲ့ရင်ခုန်သံတွေကို ဟန်ထွန်း နားလည်ခံစားရမိကာ....
ဟင် ဒါ ဒါဆို ကိုကြီးကအရင်အတိုင်း ဟန်ထွန်းအပေါ်ကို မပြောင်းလဲသေးဘဲ ချစ်နေတုံးထင်ပါရဲ့....

"ကလေးလေး ကိုကြီးကိုညာတယ်"

"ရှင်"

"ကဲ ဆေးရုံထဲကြီးမှာဗျာ အပြင်ထွက်ကြရအောင် အပြင်ရောက်မှ ဆက်ရှင်းကြ"

ကိုကြီးကသမီးလေးကိုချီပြီး
ဟန်ထွန်းလက်ကို မလွတ်တမ်းတင်းနေအောင် ဆွဲထားကာကားပေါ်တက်လေသည်..

🌟Soulmate🌟Kde žijí příběhy. Začni objevovat