Part _67

24K 974 35
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _67

"ဟင် ကိုကြီး"

"ဟန်ထွန်းကို ဘာလို့  အဲ့ဒီလိုကြီးကြည့်နေတာလဲ"

.............

ကိုဟန်ခမ်းနဲ့ ဖုန်းပြောပြီး ဒီဖက်လှည့်လိုက်တော့
စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ မျက်နှာလေးနဲ့ ဟန်ထွန်းကိုငေးကြည့်နေတဲ့ ကိုကြီးကို တွေ့လိုက်ရတာမို့ ဟန်ထွန်းအံ့ဩသွားရသည်......

"ဟော ဘာမှလည်း ပြန်မဖြေဘူး ဘာဖြစ်နေတာလဲဆို ကိုကြီးကလည်း ဟန်ထွန်းဘာလုပ်ပေးရ
မလဲဟင်"

"ဟာ အသည်းလေးက ဘာလို့လုပ်ပေးရမှာလဲ လုပ်ချင်းလုပ်ကိုကြီးကပဲ အကုန်လုပ်ပေးမှာ လာကုတင်ပေါ်တက်  ခြေထောက်လေးဆင်းလိုက်ကိုကြီးဖွဖွလေးနှိပ်ပေးမယ်လာ ခြေထောက်ဆင်းပါဆို"

""ဟင့်အင်း ကိုကြီး ဟန်ထွန်းမညောင်းပါဘူး  ညောင်းရင်ကော ကိုကြီးကို နှိပ်ခိုင်းစရာလားလို့
ဟန်ထွန်းထက် အသက်တွေအများကြီး ကြီးတဲ့ ဟန်ထွန်းရဲ့ အိမ်ဦးနတ်ကြီးပါဆို"

"ဟာ ဘာအိမ်ဦးနတ်လဲ လင်မယား နှစ်ယောက်မှာအဲ့ဒါမျိုးတွေ မတွက်ရဘူးလေကွာ ကြီးတာငယ်တာတွေလည်းမတွက်နဲ့  babyလေးကို ကလေးဗိုက်ထဲ အလေးခံပြီးထည့်ထားရတာကိုကြည့်ပြီး ကိုကြီးကသနားလှပြီဟာကို  အိမ်ဦးနတ်ဆိုပြီး အခွင့်ထူးခံဖို့  တစ်ခါမှစိတ်ကူးမရှိဘူး"

"လာ ခြေထောက်က ကိုကြီးပေါင်တင်လိုက်"

"ကိုကြီး ကန်တော့နော်"

"ဟာ ဘာမှမဖြစ်ပါဘူးဆို ကလေးရယ်"

"ကျန်တဲ့အချိန်တွေမှာတော့ မိန်းမဖြစ်သူက အကုန်သည်းခံအလိုလိုက်ရပြီး ကိုယ်ပြန်လုပ်ပေးရမယ့်နေရာမျိုးကျမှ ယောက်ျားဆိုတာမျိုးက
အရမ်းကိုမြင့်မြတ်တဲ့သူတွေပါဆိုတဲ့
အူကြောင်ကြောင်လူတွေထဲ သက်ဦးသခင်မပါဘူး"

"အဟင်းဟင်း ဟန်ထွန်းယောကျာ်းကလေ ကြာလေချစ်ဖို့ကောင်းလေပဲသိလား"

"ဗျာ ....  ဟန်ထွန်းရဲ့ ဘယ်သူ"

"ဟန်ထွန်းရဲ့ ယောက်  ဟင်  ကိုကြီးနော်"

"ဟာ ပြောလေကွာ ဟန်ထွန်းရဲ့ ဘာဖြစ်တယ်   အဲ့လို ခေါ်တာလေး ကိုကြီးအရမ်းကြိုက်လို့ပါဆို ထပ်ခေါ်အုံးလို့"

🌟Soulmate🌟Where stories live. Discover now