Part _38

35.5K 1K 37
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _38

ဧည့်သည်ရောက်နေတယ် ဆိုသည်ဟု ဖဒိုကလာပြောတာကြောင့် ဒေါ်နန်းသခင်ပြည့်စုံအောက်ထပ်ဆင်းလာတော့...

"အန်တီနန်း"

"သြော်  ဧည့်သည်ဆိုလို့ ဘယ်သူများလဲထင်တာ သမီးကသစ်ဖြစ်နေတာကိုး"

"အန်တီနန်းတို့က အိမ်ပြောင်းသွားတယ်ဆိုလို့ စုံစမ်းပြီးရောက်လာတာ မာမီတို့ကလည်းအိမ်အသစ်လိပ်စာမသိဘူးဆိုလို့လေ"

"အိမ်အသစ်တက်ပွဲလုပ်တုန်းက အန်တီနန်းတို့သွားဖိတ်ပါတယ် အဲတုန်းကသမီးမိဘတွေက နိုင်ငံခြားခရီးစဥ်သွားတယ်ပြောလို့"

"ဟုတ်လား"

မနေ့တစ်နေ့ကထိ ဒီအိမ်ထဲသူမ ဝင်ရောက်ခြယ်လှယ်ခဲ့တာကို သဲလွန်စမရစေရန်ပိုပိုသာသာလေးပြောနေမိသည်....
အန်တီနန်းကတော့စကားသာပြောနေတာ ကသစ်မျက်နှာကိုသာ အံ့သြသလိုကြည့်နေတာကိုရိပ်မိပါသည်...

"အန်တီနန်း သမီးကို မေးစရာတွေများနေတယ်မဟုတ်လား"

"သေချာတာပေါ့ သမီးရယ် အံ့ဖွယ်ကြီးလို့ဖြစ်နေတာ"

"တကယ်တော့ လွန်ခဲ့တဲ့၆နှစ်မှာတုန်းက သမီးaccidentဖြစ်တုန်းက သေသွားပြီတောင်ထင်ခဲ့တာ  သေလုနီးပါးဒဏ်ရာတွေရပြီး ကောင်းသွားတာ လွန်ခဲ့တဲ့ ၆လလောက်ကမှ လူကသေလူလိုဖြစ်နေတော့ သမီးမိဘတွေကလည်း စိတ်တွေညစ် အပြင်ကလူတွေနဲ့စကားပြောချင်စိတ်မရှိတော့ဘဲ သမီးကို ဆေးကုဖို့အာရုံစိုက်ချင်တာမို့ ဆုံးသွားပြီသတင်းလွှင့်လိုက်တာ "

"အို သမီးရယ်"

မျက်ရည်လေးတစမ်းစမ်းနဲ့ ဟန်ပိုကာ ပြောတော့ သဘောကောင်းတဲ့ အန်တီနန်းကြီး ကသစ်ကိုသနားနေပြီဖြစ်သည်....ဒေါ်နန်းသခင်ပြည့်စုံက ၆နှစ်အလွန်ကအမှုကို ဃကဏနမသိတော့ သူမပြောသမျှကိုယုံနေဟန်....
အဖြစ်ပျက်တွေရဲ့ အစစ်အမှန်ကဒီီလိုဖြစ်သည်....

လွန်ခဲ့တဲ့ ၆နှစ်က သူမ သူငယ်ချင်းတစ်ယောက်ရဲ့ပါတီကိုသွားခဲ့သည်...ထိုနေ့က သောက်တာလွန်သွားကာ သူမကို တစ်ဖက်သတ်ချစ်နေသူ
ထက်အောင်ရှိုင်းနဲ့မထင်မှတ်ဘဲ နမ်းမိသွားလေသည်...ထိုအဖြစ်ကို သူ့သူငယ်ချင်းက videoမှတ်တမ်းတင်ထားကာ ကသစ်ဆီပို့ကာ ခြိမ်းခြောက်ခဲ့သည်....မောင် နဲ့ လက်ထပ်ဖို့ အားလုံးပြောဆိုပြီးကာမှ ထက်အောင်ရှိုင်းဝင်ရှုပ်လို့ အပျက်မခံနိုင်ပါ ကသစ်ချစ်တာ လက်ထပ်ချင်တာမောင့်ကိုဖြစ်သည်....နမ်းတာလောက်က စာမဖွဲ့ပေမယ့် ထက်အောင်ရှိုင်းလိုလူက ဒီထက်ပိုပြောခဲ့လို့သတင်းပြန့်ခဲ့ရင် ကသစ်မောင်နဲ့ဝေးရလိမ့်မည်.....
အဲလိုအဖြစ်မခံနိုင်တာမို့ ထက်အောင်ရှိုင်းကို အချိုသတ်ကာ ညှိကြည့်တော့ သူနဲ့စကားပြောဖို့ ထောက်ကြံ့ဖက်က လိပ်စာတစ်ခုကို ချိန်းတော့   မကြောက်မရွံ့ဘဲ ထိုကိစ္စအပြီးသတ်ရေးပဲ တွေးကာသူချိန်းတဲ့နေရာကိုသွားခဲ့သည်....

🌟Soulmate🌟Tempat cerita menjadi hidup. Temukan sekarang