Part _12

27.4K 1.1K 30
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _12

Companyသွားဖို့အချိန်နောက်ကျနေတာသိပေမယ့်အဆော့သန်လေးရဲ့ဒူးဒေါင်းကို ဆေးထည့်ပြီးတော့ ချာတိတ်မကို သူကိုယ်တိုင် အိမ်ကို လိုက်ပို့ပေးဖြစ်လေသည်....

"နောက်တစ်ခါအဲလိုတွေအရမ်းရမ်းမဆော့ရဘူးနော် ချာတိတ် "

"အဝိုင်းက Activeဖြစ်တော့ ဟန်ထွန်းပါစျာန်ပါပါသွားတာ အိမ်ထိလိုက်ပို့ပေးလို့ ကျေးဇူးပါ
ဦးသခင် "

အခုလို လိမ်လိမ်မာမာတွေ ယဉ်ကျေးနေပြန်တော့လည်း ပုံစံလေးကတစ်မျိုးလေးဖြစ်နေတာမို့သူမသိမသာလေးငေးခနဲဖြစ်သွားမိလေသည်...

သူမအိမ်ထဲကြည့်လိုက်တော့ သူ့ထက်ငယ်ဟန်တူသောကောင်လေးတစ်ယောက်ခြံထဲဆင်းလာတာကို တွေ့လိုက်ရသည်....

"လာ အိမ်ထဲထိ လိုက်ပို့ပေးမယ် "

"ဟင် ရပါတယ် "

ဟန်ထွန်းက ရပါတယ်ပြောနေတာတောင် ဦးသခင်ကဆင်းလာကာဟန်ထွန်းရှိတဲ့ ဘက်ခြမ်းကတံခါးကို သူကိုယ်တိုင်ဆွဲဖွင့်ပေးလေသည်....

ခြံထဲဝင်လာတဲ့ အလတ်မနဲ့ လူလတ်ပိုင်းတစ်ဦး....

"အလတ်မဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ဘူး ကိုကို ဒူးလေးပွန်းရုံ"

"နင်ကလည်း ဒဏ်ရာနဲ့ဘယ်တော့မှမကင်းဘူး "

"ဟီး"

"ဒါနဲ့ဒီက "

"ကိုကို ဒါက ဦးသက်ဦးသခင်တဲ့ ဟန်ထွန်းအလုပ်လုပ်တဲ့အိမ်က အဖွားရဲ့သားလေ"

ဟန်ကိုကိုထွန်းကြည့်လိုက်ရုံနဲ့သိပါသည်...ပုံစံအနေအထားစီးလာသောကားက သူတို့နယ်ပယ်နဲ့မအပ်စပ်မှန်း...

"ဦးသခင် ဒါက ဟန်ထွန်းရဲ့ အထက်ကလေ
ဟန်ကိုကိုထွန်းတဲ့ "

"အင်း မင်းအိမ်ထဲဝင်တော့လေ ငါ သူနဲ့စကားနည်းနည်းလောက်ပြောချင်လို့ "

"ဟင် ကိုကိုနဲ့ ဘာပြောမလို့လဲ "

အလိုမကျသလို မျက်နှာနဲ့ သူ့ကို ပြန်မေးနေလေသည်.....

"အခုမှခင်တာဆိုတော့ ယောကျာ်းချင်းမိတ်ဆက်တာပေါ့ သွားပါအိမ်ထဲဝင်တော့ "

🌟Soulmate🌟Where stories live. Discover now