Part _34

30.4K 1K 56
                                    

🌟Soulmate🌟
~~~~~~~~~~~~~
Part _34

သက်ဦးသခင်တစ်ယောက်ရင်ဘတ်ကြီးပေါက်ကွဲထွက်ကာ တစ်စစီလွင့်စင်သွားသလိုမျိုးခံစားလိုက်ရပြီး ကလေးအသံလေး ထွက်ပေါ်လာတဲ့နေရာဆီကို ဘယ်လိုနည်းနဲ့ ရောက်သွားမှန်းတောင်မသိတော့.....

သူရောက်တော့ ကလေးလေးကလှေခါးရင်းမှာ ခွေခွေလေးနဲ့ မျက်နှာလေးနီရဲ ရှုံ့မဲ့နေကာ သူလာမယ့်ဖက်ကို အားကိုးတကြီးလေးလှမ်းမျှော်ကြည့်နေရှာလေသည်......

သူ့မျက်နှာကိုမြင်လိုက်ရတော့ မျက်နှာလေးဝင်းသွားပြီး အားတင်းထားတဲ့စိတ်တွေကို လျှော့ချလိုက်တဲ့ပုံမျိုးနဲ့ ခေါင်းကလေးလည်ကာ ကျသွားလေတော့သည်.....

"ဟာ ကလေးလေး ကလေးလေး ကလေး ဟာကွာ ဘာတွေဖြစ်ကုန်တာလဲကွာ ဒုက္ခပါပဲ"

သက်ဦးသခင်တစ်ယောက်လှေကားထစ်တွေကို ဘယ်လိုခုန်ပျံကျော်လွှားခဲ့တယ်ဆိုတာတောင်မသိလိုက်တော့ပဲ လှေကားရင်းကို ချက်ချင်းရောက်လာတော့သည်....

"ကလေး....အထွန်းလေး"

"ကလေးလေး"

"သား  ဘာဖြစ်တာလဲ"

အိပ်ပျော်သွားရာကနေအသံဗလံများကြောင့် ဒေါ်နန်းသခင်ပြည့်စုံ အခန်းပြင်ထွက်လာကာသားအော်နေသံရှိရာဆီကို ပြေးလာတော့ သားရင်ခွင်ထဲဝယ်သမီးလေးက အသိမရှိတော့....

"ဟင် သမီးလေး သမီးကဘာဖြစ်သွားတာလဲသား"

"သားလဲအသံကြားလို့ အခုမှဆင်းလာတာလေ
မေမေ့အခန်းထဲမှာ အိပ်တာပဲ ဘာဖြစ်တာလဲ မေမေသိရမှာပေါ့"

"အို သားရယ် သားအခန်းကို သွားချင်သွားဆိုပြီးမေမေကပြောလိုက်လို့ သမီးလေးကအခုပဲ မေမေ့အခန်းထဲက ပြေးထွက်သွားတာ"

"အဲဒါတွေကြောင့် ကျွန်တော့အနားမှာထားတာလေ မေမေရယ်.....
မေမေပဲ ကလေးကိုအတင်းခေါ်ထားတာလေ"

"သားရယ် မေမေက"

ဒေါ်နန်းသခင်ပြည့်စုံ သားကိုဆက်ရှင်းပြနေလည်းသားနားထဲဝင်တော့မယ်မထင်တာမို့ ဘာမှဆက်မပြောပဲပါးစပ်ပိတ်လိုက်ရတော့သည်...ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် သူမ ယဥ်ကျေးကို ဒီညအနားမှာပဲဇွတ်ခေါ်သိပ်ထားမိမှာပါ...
_
_
_
_
_
"အကြောက်လွန်ပြီး သတိလစ်သွားတာပါ စိတ်ပူစရာမရှိတော့ပါဘူး ခြေထောက်ကခြေကျင်းဝတ် ခေါက်သွားပြီး အဆစ်လွဲသွားလို့ ယောင်နေတာပါ အနာသက်သာအောင် ကျွန်တော်ဆေးထိုးပေးထားခဲ့မယ် မနက်မှ ဆေးရုံသွားပြလိုက်ပေါ့"

🌟Soulmate🌟Where stories live. Discover now