Part _54

23.2K 1K 63
                                    

🌟Soulmate🌟
~~~~~~~~~~
Part _54

"အဲ့ဒါပဲ သားခမ်းရယ်"

"ဟင် ဒါဆို သူက ယောကျာ်းနဲ့ကွဲလာတာပေါ့"

"ဘာမှကိုသေသေချာချာမပြောဘူး သားခမ်း  သူ့အကြောင်းကို အားနေရင် အိမ်အလုပ်တွေကူလုပ်တယ် တစ်ခြံလုံးကအပင်တွေကို ဂရုစိုက်တယ်
ကြီးမှုန်အလုပ်တွေဝိုင်းကူပေးတယ် ပြီးရင် ချောင်တစ်ချောင်မှာဝင်ခွေပြီးမှိုင်နေတတ်တယ် တစ်ခါခါ ငိုပါငိုတော့ သူလေးကို ကြည့်ပြီး ကြီးမှုန်တော့စိတ်မကောင်းဘူး"

သူ့သိခဲ့တဲ့ ကလေးလေး ဂျူနီယာဟန်ယဥ်ကျေးထွန်းက အိမ်ထောင်ကျပြီးနေပြီတဲ့လား...မတွေ့ရတာနှစ်တွေကြာနေပေမယ့် သူမလေးက အရင်လို ကလေးလေးပုံစံပါပဲ...ဘာတွေများအိမ်ထောင်ထောင်ရေးအဆင်မပြေဖြစ်ခဲ့လို့ ထွက်ပြေးလာတဲ့ထိဖြစ်ခဲ့တာပါလိမ့်....

ဧည့်ခန်းရဲ့ပြတင်းပေါက်ကနေ သူမလေးရဲ့ မျက်နှာခပ်တည်တည်လေးကို တစ်ချက်ကြည့်ကာ ကြီးမှုန်ဘက်ကိုပြန်လှည့်ကာ ကြီးမှုန်ပြောနေတာတွေကိုနားထောင်နေလိုက်သည်...
စတွေ့ဖူးတုန်းကလည်း ဒီလိုပဲ ခပ်တည်တည်လေးဖြစ်သည်...သူမတို့သူငယ်ချင်းအုပ်စုထဲသူမလေးက ဂျစ်တစ်တစ်ဖြစ်ကာ ကပ်စေးလည်းတအားနဲသည်...Tripထွက်ဖို့ပိုက်ဆံလာကောက်တာကို စျေးဆစ်တာခေါက်ချိုး....
နောက်သူလည်းကျောင်းပြီးသွားပြီး သြစီကို Scholarshipနဲ့ကျောင်းသွားတတ်တာမို့ အဲ့ကျောင်းကလူတွေနဲ့လည်း မဆုံဖြစ်တော့ပါ...ထူးဆန်းတာကသူ့ဦးနှောက်က သူမလေးကို မှတ်မိနေလေသည်...

"ကိုလောင်ဖိတ်ရော မမွန်ရော အိမ်ရှေ့နားနေပြီး မတွေ့တာ ကြာပီ"

"ဖောကတော့ စိုက်ခင်းတွေမှာ အချိန်ကုန်နေတာများတယ် မဲ့ကတော့ အိမ်ထဲမှာပဲလေ ကြီးမှုန်လို "

စိုင်းဟန်ခမ်းဖိတ်တို့က ရွာငံ ပင်လောင်း  ဟိုပုံးမှာ ကော်ဖီခင်းအတော်အများပိုင်သည်....
ကော်ဖီအပြင် ထောပတ်သီး  ဆီထွက်သီးနှံတွေကို လည်း စိုက်ကာ စီးပွားအဖြစ်လုပ်ကိုင်သည်...စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ရလာတဲ့သူရဲ့ဦးတည်ချက်ကတော့ ရိုးရှင်းပါသည်..သူတတ်မြောက်ထားတဲ့ ပညာရပ်နဲ့ ရှမ်းပြည်ရဲ့စျေးကွက်ကို  ရှာဖွေပေးမယ် နည်းပညာတွေနဲ့ အကူအညီပေးမယ်..တောင်သူတွေက သူတို့သီးနှံတွေကို တင်ပို့ဖို့စျေးကွက်ကိုမသိကြ..တော်တော်များများ ထွက်လာတဲ့သီးနှံတွေက အရည်အသွေးမမှီတာကိုတွေ့ရတော့ သူစိုက်တဲ့စိုက်ခင်းတွေသီးနှံတွေကို အရည်အသွေးမှီမှီအဆင့်မြင့်မြင့်ထွက်အောင်ကြိုးစားမယ် နိုင်ငံခြားကို တင်ပို့ချင်တယ် ဖောရဲ့လက်ထက်မှာ
မစိုက်တဲ့သီးနှံတွေကအစ ချဲ့ထွင်စိုက်ချင်တယ်.....

🌟Soulmate🌟Where stories live. Discover now