အတ္တဆိပ်/အတၲဆိပ္-၁

3.4K 76 4
                                    

#unicode

"မင်္ဂလာနံနက်ခင်းပါ သခင်လေး"

ထိုနှုတ်ခွန်းဆက်စကားအား အသာလေး ခေါင်းတစ်ချက်ငြိမ့်ကာ တုံ့ပြန်ရင်း ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

"ပါးက မဆင်းလာသေးဘူးလား"

"သခင်ကြီးက ခုနလေးကပဲ ထွက်သွားပါပြီ သခင်လေး"

"မနက်စာရော စားသွားလား"

"ဟုတ်ကဲ့ စားသွားပါတယ်"

'သိပြီ'ဆိုတဲ့သဘောမျိုးနှင့် ခေါင်းကို၂ချက်လောက်အသာလေးညှိမ့်လိုက်သည်။

"ခဏ!"

မာန်အပြည့်နှင့်ပြတ်သားတဲ့ အမိန့်စကားတစ်ခွန်းကြောင့် အိမ်အကူအမျိုးသမီး နန်းရွန်းက ထိတ်လန့်ကာ ကြောင်အသွားသည်။

"ဒါဘာလုပ်တာလဲ"

"ဟို သ..သခင်လေးအတွက် မနက်စာလေ"

တုံ့ပြန်နေတဲ့ အကြည့်တွေက မာန်ဖီနေတဲ့ ကျားတစ်ကောင်လိုပင်။နန်းရွန်းခမျာ ကြောက်လန့်လွန်း၍ မျက်လွှာကို အောက်ချကာ မလှုပ်မယှက်ရဲပဲ ငြိမ်နေရှာသည်။

"မင်းက ဘာကိစ္စ ငါစားမဲ့ မနက်စာကို လာချပေးရတာလဲ ဟိုကောင်ကဘယ်ရောက်နေလို့လဲ ဟမ်!"

'ဟမ်!'ဆိုတဲ့ အသံကြားပြီး နန်းရွန်းပါမက ကျန်တဲ့အိမ်အကူတွေပါ လိပ်ပြာမလွင့်ရုံတမယ်။မီးဖိုဆောင်ထဲကနေ စာဖိုမှူးက ပြာပြာသလဲလဲဖြင့်ပြေးထွက်လာပြီး

"သခင်လေး ကျွန်တော်ခိုင်းထားလို့ သူဈေးသွားနေတာပါ ခဏနေလောက်ဆိုပြန်ရောက်ပါပြီ"

မီးလိုတဟုန်းဟုန်းတောက်လောင်နေတဲ့ အကြည့်တွေက ထိုစာဖိုမှူးဆီသို့ ချက်ချင်း မြှားဉီးလှည့်သွားသည်။

"ခိုင်းထားတယ်?မင်းက?"

"ဟုတ်...ဟုတ်ပါတယ် သ..သခင်လေး"

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"

အသံက ရုတ်တရတ်ဆိုသလို အေးစက်သွားသည်။သို့ပေမဲ့ တုန်လှုပ်စရာပင်။

"ငါမေးနေတယ်လေ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲလို့!"

'ခွမ်း'

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now