အတၲဆိပ္/အတ္တဆိပ်-18(‼️)

269 8 0
                                    

#Unicode

အိပ်ခန်းရဲ့တစ်ဖက်မှာရှိတဲ့ ခွန်းရဲ့ Accessoriesတွေထားတဲ့ အခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အက္ခရာ။ရုတ်တရတ် အနောက်ကနေ အုပ်မိုးကာ အဖက်ခံလိုက်ရတာမို့ အလန့်တကြားဖြစ်သွားသည်။

"သခင်လေး လန့်သွားတာပဲ"

ခွန်းက သဘောတကျရယ်လိုက်ကာ အက္ခရာနှာခေါင်းကို ညှစ်လိုက်သည်။

"အက္ခရာကို စိတ်ဆိုးနေတယ်မလား"

"အွန်း"

ခွန်းက အက္ခရာခါးကို ဖက်လိုက်ကာ နဖူးလေးအား အနမ်းပေးလိုက်သည်။ရှက်သွားတဲ့သူက ခွန်းရဲ့ရင်ဘက်ကို အသာလေး ရိုက်လိုက်သည်။

"စိတ်ဆိုးပြေသွားပြီလား"

"မပြေပါဘူး"

အက္ခရာ မျက်နှာလေးညှိုးကျသွားသည်။ခွန်းက ပြုံးလိုက်ကာ ပိုပြီးတင်းကြပ်စွာ ဖက်ထားလိုက်တော့ အက္ခရာခါးလေး ကော့တက်လာသည်။

"ဒါပေမဲ့ ကိုနဲ့အတူ dateလုပ်ပေးရင် စိတ်ဆိုးပြေမယ်"

"date?"

"omm ဒီည နော် dateလုပ်ကြရအောင်"

အက္ခရာ လက်ခံလိုက်သည်။First dateအတွက် သူအရမ်း စိတ်လှုပ်ရှားနေသည်။dateအတွက် ခွန်းဝယ်ပေးတဲ့ အင်္ကျီကို ကြည့်ရင်း

"ဘယ်လိုလုပ်ရမလဲ စိတ်လှုပ်ရှားလိုက်တာ ငါရူးတော့မှာပဲ"

သူ့အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ပြာယာခတ်နေသူ။အတွေးပေါင်းစုံနဲ့ဂယက်ထနေပြီး အမှားလုပ်မိမှာကိုလည်း စိုးရိမ်နေပြန်သည်။

"ရေ အရင်ချိုးရမယ် ဟုတ်တယ်"

ထို့နောက် ပြာယာစွာ ထွက်သွားပြီး ရေချိုးနေသူ။တစ်ဖက်မှာတော့ စိတ်ကြည်လင်လန်းဆန်းနေတဲ့ ခွန်းက စိတ်ကူးလေးယဥ်ကာ ပြုံးစိစိဖြင့် ရေချိုးနေသည်။အဝတ်အစားကို သေသေချာချာ ပြင်ဆင်ဝတ်စားပြီး ဆံသားကို သေချာ ပုံသွင်းဖြီးနေသည်။အားလုံးပြင်ဆင်ပြီးနောက် အက္ခရာကို ဖုန်းခေါ်လိုက်သည်။

"ဟယ်လို သခင်လေး"

"အက္ခရာ ပြီးပြီလား ကိုဆင်းလာရတော့မလား"

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now