အတၲဆိပ္/အတ္တဆိပ်-10

607 23 2
                                    

#Unicode

"ကျစ်! အက္ခရာ ဒဏ်ရာက ပုရွက်ဆိတ်ကိုက်ရာလောက်တောင်မရှိတာကို မင်း အက်လောက်တောင် ဆေးထည့်စရာလိုလို့လား"

သေသေချာချာ တယုတယနဲ့ စိတ်ရှည်လက်ရှည် ဆေးထည့်ပေးနေသူကိုကြည့်ပြီး ခွန်းကတော့ စိတ်မရှည်နိုင်ပေ။ဒဏ်ရာက သေးပေမဲ့ အက္ခရာကိုကြည့်တော့ စိုးရိမ်မှုအပြည့်တွေက မျက်နှာမှာ အထင်းသား။

"သခင်လေး အရမ်းနာနေလားဟင်"

"ဘာကိုနာရမှာလဲ မဖြစ်စလောက်လေး..."

ရုတ်တရတ် နဖူးပြင်ကိုထိတွေ့လာတဲ့ လေအေးကြောင့် ခွန်းကြောင်အသွားသည်။သူ့ရဲ့ဦးခေါင်းကို လက်တစ်ဖက်နဲ့ညှင်သာစွာထိန်းကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် နဖူးပေါ်ကဆံသားတွေကို လှန်တင်ထားပေးကာ ဒဏ်ရာလေးကို ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးအိအိလေးနဲ့ လေအေးအေးလေးမှုတ်ပေးနေသူကိုကြည့်ကာ ခွန်းမှင်သက်သွားသည်။
 
'ဒီကောင်လေး ငါသတိမထားမိခင်မှာ တော်တော်လှလာတာပဲ'

"ရပြီ ခဏလေး အက္ခရာ ပလာစတာကပ်ပေးမယ်နော်"

အက္ခရာပြုသမျှကို ဘာမှမတုံ့ပြန်နိုင်တော့ပဲ ဒီတိုင်းငြိမ်နေမိသည်။

"သခင်လေး သခင်လေး"

"ဟမ် ဟမ်"

"ဖုန်းလာနေတယ်"

"အော် အမ်"

ထိုအခါမှ သတိပြန်ဝင်လာပြီး suitရဲ့အတွင်းအိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်သည်။

"ဟယ်လို"

"........"

"ok အခုထွက်လာနေပြီ ခဏနေရောက်မယ် အကုန်readyပြင်ထားပြီး Third floorမှာပဲ စောင့်နေလိုက်"

ခွန်းက necktileကို သေချာပြန်ပြင်ရင်း သူ့ဘေးမှာဖိနပ်လေးကိုင်ကာရပ်နေတဲ့ အက္ခရာကို မသိမသာလေးကြည့်ကာ

'ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့ သုံးနှုန်းနေတာ မင်းရူးနေပြီလား ခွန်းဉာဏ်ရှိန်'

"ဒီည ရှယ်ယာ၀င်တွေနဲ့dinnerရှိတယ်  ၁၀နာရီနောက်ပိုင်းမှ ပြန်ရောက်မယ် မအိပ်ပဲ ငါပြန်လာတာကို စောင့်ပေး ပြီးတော့ အိပ်ယာခင်း လဲထားပေး"

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now