အတ္တဆိပ်/အတၲဆိပ္-၂

1.3K 46 3
                                    

#unicode

"ကျွန်မရဲ့ CEOကြီးက တယ်အလုပ်များနေပါလား"

ရုံးခန်းထဲဝင်လာတဲ့သူကိုကြည့်ရင်း ပြုံးပြကာ စာရွက်စာတန်းတွေကို လက်မှတ်ထိုးမပျက်။

"ဘယ်တုန်းက ပြန်ရောက်တာလဲ နိုနို"

နှုတ်ခမ်းလေးစူကာ ကောင်လေးဖြစ်သူရဲ့ပါးကို အသာလေးဖျစ်ညှစ်လိုက်သည်။

"မောင်ကလေ အံ့သြမတတ်ဘူးလား"

"hmm ဘာကို"

"ဘာကိုရမှာလဲ ကြည့် နိုနို ပြန်ရောက်လာတာနဲ့ ချက်ချင်း သူ့ကို Surpriseလာတိုက်တာကို နည်းနည်းလေးတောင် မအံ့သြဘူးနော်"

စူပုတ်နေတဲ့ ကောင်မလေးဖြစ်သူရဲ့ခါးကို ဖက်လိုက်ကာ

"နိုနိုကလည်း မသိရင်မတွေ့ရတာ ကြာနေတဲ့အတွဲတွေလိုပဲ စင်ကာပူကို ၂ရက်လေးသွားပြီး ပြန်လာတာကိုများ"

"ဘာလဲ မောင်ကမလွမ်းဘူးပေါ့ အက်၂ရက်ကလေ ကျွန်မအတွက်တော့ နှစ်ပေါင်း၂၀၀လိုပဲရှင့် ရှင်သိရဲ့လား ကိုခွန်းဉာဏ်ရှိန် ဟွန့်"

"ဟုတ်ပါပြီ မောင်တို့ ဒီsaturdayကျရင် Dateလုပ်ကြမယ်လေ နော်"

"မရဘူး ဒီနေ့ပဲ"

"ဒီနေ့က.."

"မရဘူးကွာ ဒီနေ့ဆို ဒီနေ့ပဲ မောင်မရစ်နဲ့"

"ဟုတ်ပြီ ဟုတ်ပြီ ဒီနေ့ဆိုရင်တော့ ၅နာရီလောက်မှ မောင်ရုံးဆင်းလို့ ရမယ် ခဏနေ ဝန်ထမ်းတွေနဲ့meetingအသေးစားလေးလုပ်စရာရှိလို့"

"ok ok နိုနို မောင့်ရဲ့ရုံးခန်းမှာပဲ ထိုင်စောင့်နေမယ် ရတယ်မလား"

ညနေ ၅နာရီခွဲ.....

"နိုနို သွားကြရအောင်"

နိုနိုက ခွန်းရဲ့လက်ကို ချိတ်ပြီး ရုံးခန်းထဲကနေထွက်လာသည်။ခွန်းက သူ့ရဲ့အတွင်းရေးမှူးအား မှာစရာရှိတာကို မှာနေသည်။နိုနိုကလည်း ဘေးနားကနေ အပြုံးမပျက်။

"ဒါဆို ကျွန်တော်သွားပြီနော်"

"ဟုတ်ကဲ့ ဂရုစိုက်သွားပါ CEO"

"သွားလိုက်ပါဦးမယ်နော် အော် နိုနို ကုမ္ပဏီက ဝန်ထမ်းတွေအတွက် မုန့်မှာထားပေးတယ် လာပို့နေပြီတဲ့ အကုန်လုံးစားရမှာနော်"

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now