အတ္တဆိပ်/အတၲဆိပ္-၅

1K 40 5
                                    

#unicode

"မင်းရဲ့ဆံသားလေးတွေက နူးညံ့နေတာပဲ"

ခွန်းက ပြုံးကာထိုစကားဆိုပေနဲ့ အက္ခရာကတော့ ပြုံးနေခြင်းမရှိပဲ ငြိမ်နေသည်။မျက်နှာမှာအပြုံးမမြင်ရတဲ့ အက္ခရာကိုကြည့်ပြီး ခွန်းက ချက်ချင်းဆိုသလို ညနေက အဖြစ်အပျက်ကို ပြန်မြင်ယောင်သွားသည်။စိုင်းလျံက အက္ခရာရဲ့ဆံသားကို ပွတ်သပ်ပုံတွေ တစ်ယောက်နှင့် တစ်ယောက်ရဲ့အပြုံးတွေက ပုံမှန်ထက်ပိုနေတာကို ပြန်တွေးမိပြီး ခွန်းစိတ်ရှုပ်ကာ ဒေါသထွက်လာသည်။

'တောက်'

"အားးး သခင်လေး"

ခွန်းက အက္ခရာရဲ့ ဆံသားကို ပွတ်သပ်နေရာမှ ဆောင့်ဆွဲထားလိုက်သည်။

"အက္ခရာ နာလို့ပါ သခင်လေး လက်လွှတ်ပေးပါနော် တောင်းပန်ပါတယ်"

"ဘာကြောင့်လဲ ငါမင်းရဲ့ဆံပင်ကို ပွတ်သပ်ပေးတော့ မင်းဘာလို့မပြုံးတာလဲ"

"ဗျ...ဗျာ"

ခွန်းက အက္ခရာရဲ့ အင်္ကျီကော်လံကို လက်နှစ်ဖက်နဲ့ ဆွဲယူကာ ကုတင်ပေါ်သို့ ဆောင့်တွန်းချလိုက်သည်။ထို့နောက် အက္ခရာအပေါ်ကနေ အုပ်မိုးလိုက်ကာ ပါးကို ဖျစ်ညှစ်လျက်

"ဘာလဲ ငါမင်းအသားကို ထိတာကို မကြိုက်ဘူးလား မင်းက စိုင်းလျံရဲ့အထိအတွေ့ကိုပဲ ကြိုက်တာလား"

အက္ခရာခမျာ ခေါင်းလေးတခါခါဖြင့် ငြင်းနေရှာသည်။ခွန်းက မချိပြုံး ပြုံးလိုက်ကာ

"ညနေက မင်းရဲ့ရင်ဘက်ကို သူ့ခေါင်းနဲ့ပွတ်နေတာကို မင်းကြိုက်တယ်မလား"

ခွန်းက ပြောနေရင်းနဲ့ပင် အက္ခရာရဲ့အင်္ကျီကို အတင်းဆွဲချွတ်နေသည်။အက္ခရာကလည်း တောင်းပန်ရင်းနှင့် ရုန်းကန်နေရှာသည်။ခွန်းက စိတ်မရှည်တော့ပဲ အက္ခရာရဲ့ လက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်တည်းဖြင့် ချုပ်ထားလိုက်သည်။

"အက္ခရာ! မင်းဘာလို့ရုန်းနေတာလဲ မင်းကြိုက်တယ်မလား"

အက္ခရာ မျက်ရည်တွေကျနေလေပြီ။အခုချိန်မှာ ခွန်းပြောနေတဲ့ စကားတွေကို သူမကြားတော့ဘဲ လွတ်မြောက်ချင်သောစိတ်တစ်ခုသာရှိသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now