အတၲဆိပ္/အတ္တဆိပ်-၈

830 29 3
                                    

#unicode

တိတ်ဆိတ်ငြိမ်သက်နေသော ကားပေါ်တွင် လူနှစ်ယောက်က အတွေးကိုယ်စီပင်။အက္ခရာက ခွန်းသူ့ကို ဘယ်အချိန် ဘာများထမေးလာမလဲဆိုပြီး အနည်းငယ်ရင်တုန်ကာ နေရခက်နေသည်။တစ်ဖက်တွင် ကားမောင်းနေတဲ့ ခွန်းကလည်း အက္ခရာ စိုင်းလျံကို တကယ်ကြိုက် မကြိုက် သိချင်စိတ်ပြင်းပြနေသည်။သို့ပေမဲ့ မေးလိုက်လျှင် သူ့မာနကိုထိခိုက်မှာစိုး၍ အောင့်အီးသီးခံနေသည်။

"သခင်လေး"

"ပြော"

"meetingက....."

"နေ့လည်ကပဲလုပ်လိုက်ပြီ"

"အော် ဟုတ်ကဲ့"

ဆံပင်ညှပ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီးနောက်

"ကားပေါ်ကနေပဲ စောင့်နေမယ်"

"ဟုတ် ဟို သခင်လေး ပြန်ရင်ပြန်ပါနော် အက္ခရာကို မစောင့်လည်းရတယ်"

"မင်းငါ့ကို အမိန့်ပြန်ပေးနေတာလား"

"မဟုတ်ပါဘူး ဟိုမှာလေ ညှပ်မဲ့လူတွေရှိသေးတယ်ဆိုတော့ ကြာမှာစိုးလို့ပါ"

ခွန်းလည်း ဆံပင်ညှပ်ဆိုင်ထဲကို လှမ်းကြည့်လိုက်တော့ လူကအနည်းငယ်များနေသည်။ဆံပင်ညှပ်ဆိုင်ကို လာသာပို့ရတာ ဘာကြောင့်မှန်းမသိ အက္ခရာကို သူစိတ်မချပေ။အက္ခရာဝင်သွားတာနဲ့ ဝိုင်းကြည့်ကြမဲ့ မျက်လုံးတွေကို သူမနှစ်သက်။အက္ခရာဆံသားကို ဘယ်ဆံသဆရာကိုမှ ပေးမထိတွေ့စေလို။သူ့စိတ်ကိုတောင် သူနားမလည်တော့တဲ့ ခွန်းတစ်ယောက် အတွေးတွေရှုပ်ထွေး ထူပူလာကာ

"တော်ပြီ မညှပ်နဲ့တော့ ပြန်မယ် ခါးပတ်ပြန်ပတ်"

"ဗျာ"

"ကျစ်! ခါးပတ်ပြန်ပတ်လို့ ပြောတာ ဘာတွေကြောင်နေလဲ"

စိတ်မရှည်စွာဖြင့် အက္ခရာကို ခါးပတ်ပြန်ပတ်ပေးနေသည်။အက္ခရာကတော့ အခြေအနေကို နားမလည်နိုင်ပဲ ကြောင်အနေသည်။

အခုထိအတွေးတွေ မရပ်တန့်နိုင်ပဲ ဂဋုန်မျက်နှာနှင့် ကားမောင်းနေသူကိုကြည့်ပြီး အက္ခရာလည်း ငြိမ်ကုပ်နေသည်။

'ဂွီ.....'

ကျယ်လောင်တဲ့ ဗိုက်အော်သံကြောင့် အက္ခရာရှက်သွားကာ သူ့ဗိုက်လေးကိုဖိပြီး တစ်ဖက်သို့လှည့်ကာ

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now