#Unicode
ဒီနေ့ဆေးရုံဆင်းမဲ့ရက်မို့ အိမ်အကူတစ်ချို့က ပစ္စည်းတွေ လာဝိုင်းသိမ်းပေးနေသည်။ပစ္စည်းသိမ်းပြီးတာနဲ့ အားလုံးကို အရင်ပြန်နှင့်စေပြီး အက္ခရာကိုသာ သူနဲ့နေစေခဲ့သည်။
"ဘယ်လိုလဲ အခြေနေကောင်းတယ်မလား"
"ဘယ်လိုပြန်ရောက်လာတာလဲ ၂ရက်လောက်ကြာဦးမယ်ဆို"
စတွဲတဲ့နေ့ကတည်းက ပင်လယ်ကမ်းခြေမှာပဲ ၃ရက်လောက် အပန်းဖြေနေကြတဲ့ စိုင်းလျံနဲ့ Eric။သူတို့နှစ်ယောက် လတ်တလောဆေးရုံ လာမကြည့်ဖြစ်တဲ့ အကြောင်းကိုလည်း ခွန်းကိုပွင့်ပွင့်လင်းလင်း ပြောပြထားပြီးသားပင်။စိုင်းလျံက ခွန်းဘေးမှာ ခြေခြိမ့်ကာထိုင်လိုက်ပြီး
"မင်းဆေးရုံက ဆင်းတော့မယ်ဆိုလို့လေ အမှန်တော့ ငါက ဂရုကိုမစိုက်တာ Ericတိုက်တွန်းလို့သာ ပြန်လာရတာ တော်တော်အနှောင့်အယှက်ပေးတဲ့ အကောင် ရည်းစားနဲ့တောင် ကောင်းကောင်း မကြည်နူးရဘူး"
ခွန်းဆေးရုံဆင်းတော့မှာကို သိတော့ Ericထက် သူကိုယ်တိုင်လည်း စိတ်ပူပါသည်။ထို့ကြောင့် နှစ်ယောက်လုံးက ပြန်လာဖို့ ဆုံးဖြတ်လိုက်သည်။
"ဒါနဲ့ Ericရော"
"ကောင်တာမှာ အက္ခရာနဲ့တွေ့လို့ အတူတူနေပေးလိုက်မယ်တဲ့ ဒါနဲ့ မင်းကိုမေးပါဦးမယ် ဆေးရုံကနေ ဘာလို့ ရုတ်တရတ်ကြီးကောက်ဆင်းတာလဲ"
ခွန်းက မျက်နှာသေဖြင့်သာ
"မွန်းကြပ်လို့"
"မွန်းကြပ်လည်း ကျန်းမာရေး ကောင်းတဲ့အထိတော့ သည်းခံပြီးနေရမယ်မလား"
"အခု ငါက ဘာဖြစ်နေလို့လဲ ကောင်းနေပြီပဲကို"
စိုင်းလျံက စိတ်ပျက်လက်ပျက်နဲ့ ခွန်းကိုကြည့်ပြီး
"သေချာတယ် မင်း ဦးနှောက်ထိပြီး ရူးသွားပြီဆိုတာ"
"နားငြီးတယ် ပွစိပွစိနဲ့"
"ဘာနားငြီးတာလဲ ထစမ်းပါ ဦးနှောက်ကို ဓာတ်မှန်ရိုက်ခိုင်းရမယ်"
ခွန်းကို အတင်းဆွဲခေါ်ကာ ထခိုင်းနေသူ။ခွန်းကလည်း လုံးဝမထဘဲ တောင့်ခံနေသည်။
YOU ARE READING
အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]