အတၲဆိပ္/အတ္တဆိပ်-15

337 16 4
                                    

#Unicode

ဆရာဝန် ​ရှင်းပြနေတာတွေကို အားလုံးက အာရုံစိုက် နားထောင်နေကြပေမဲ့ ခွန်းကတော့ အက္ခရာလက်က Handchainကိုသာကြည့်ပြီး ကြိတ်ပြုံးနေသည်။ဆရာဝန်က ခွန်းကိုအားပေးစကားပြောပြီးနောက် ပြန်ထွက်သွားသည်။စိုင်းလျံလည်း ကောင်တာမှာ ဆေးသွားဝယ်ဖို့ ထွက်သွားသည်။

"အား ဗိုက်ဆာလိုက်တာ တစ်ခုခုသွားစားလိုက်ဦးမယ် အကို ဘာစားချင်လဲ"

ခွန်းက ခေါင်းခါပြတော့ Ericက အက္ခရာဘက်လှည့်ကာ

"အက္ခရာရော"

"မစားတော့ဘူး ကိုEric"

"Eric ငါသတိရလာတဲ့အကြောင်း ကုမ္ပဏီကို အကြောင်းကြားလိုက်"

"ok အကို့အဖေရော"

"ကုမ္ပဏီကိုပဲဆက်လိုက် သူတို့ကနေတစ်ဆင့် သတင်းပြန်ပေးမှာပဲ"

"ok ok"

အခန်းထဲမှာ နှစ်ယောက်ပဲကျန်တော့တာမို့ အက္ခရာ အနေခက်နေသည်။နေမထိ ထိုင်မထိဖြစ်နေတဲ့အပြင် ခွန်းကိုလည်း မျက်လုံးချင်းမဆုံရဲ။

"သခင်လေး ချမ်းလား Airconအပူချိန်မြှင့်ပေးရမလားဟင်"

aircon remoteလေးကိုင်လျှက် သူ့ကိုကျောပေးထားသူကြောင့် ခွန်းခေါင်းတခါခါဖြင့် ပြုံးနေမိသည်။

"ဘေးမှာလာထိုင်ဦး"

ခွန်းစကားကြောင့် အက္ခရာတစ်ယောက် မျက်လုံးတွေကို ဖျစ်ညှစ်မှိတ်ကာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားပြီး remoteကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

"အက္ခရာ"

ခွန်းအသံက ပုံမှန်သာဖြစ်ပြီး အက္ခရာကတော့ လန့်ကာ ခန္ဓာကိုယ်လေးတွန့်သွားသည်။ထို့နောက် ခွန်းဘက်ကို ဖြေးဖြေးချင်းလှည့်ကာ ခေါင်းငိုက်လျှက် တွန့်ဆုတ်သော ခြေလှမ်းတို့ဖြင့် လျှောက်လာသည်။အနားရောက်လာတဲ့ အက္ခရာကို ခွန်းက လှမ်းဆွဲကာ တင်းကြပ်စွာဖက်ထားလိုက်သည်။ရုတ်တရတ်မို့ အက္ခရာလည်း ​အထိတ်တလန့်ဖြင့်

"သခင်လေး!"

လက်တစ်ဖက်တည်းနဲ့ ဖက်ထားပေမဲ့လည်း အက္ခရာ ရုန်းထွက်မနိုင်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now