#Unicode
"အက်ဒီ Mailတွေကို သေချာပို့လိုက် ok ပြီးတော့ ဒီနေ့ zoom meeting စီစဥ်လိုက် ၁နာရီလောက်"
ဆေးရုံတက်နေစဥ်အတွင်း သတင်းမေးလာကြတဲ့ရှယ်ယာရှင်တွေ လက်ဆောင်တွေပို့ပေးကြတဲ့ ဝန်ထမ်းနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကို ကျေးဇူးတင်ကြောင်း ခွန်းကကုမ္ပဏီကို စာထုတ်ခိုင်းနေသည်။ဖုန်းချပြီးနောက် အိပ်ပျော်နေသေးတဲ့သူကို အပြုံးလေးနဲ့ကြည့်ကာ အနမ်းပေးလိုက်သည်။
အက္ခရာနိုးလာတော့ တစ်ကိုယ်လုံးနာကျင်နေတာကို ခံစားမိသည်။
"နိုးပြီလား"
ခါးအောက်ပိုင်းမှာ သဘက်အဖြူပတ်ထားပြီး ဆံသားကို သဘက်လေးနဲ့ ရေသုတ်ရင်းထွက်လာတဲ့ ခွန်းကို မြင်တော့ ရှက်သွားကာ စောင်ကို ခေါင်းအုပ်ခြုံထားလိုက်သည်။သဘောတကျပြုံးမိတဲ့ခွန်းက လက်ကပုဝါကို ကုတင်ပေါ်ပစ်တင်လိုက်ပြီးနောက် အက္ခရာနားမှာထိုင်ချလိုက်သည်။စောင်ကိုဖယ်လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ လူသားလေးက သူ့ကိုအကြည့်ချင်းမဆုံရဲပဲ ရှက်နေသည်။ခွန်းက အက္ခရာပါးကို အသာလေး ဆွဲကစားရင်း
"ဒီကလေးက အခုမှရှက်နေတယ်ပေါ့ ညတုန်းကကျ သူမဟုတ်သလိုပဲ"
"သခင်လေး"
တစ်ဖန် စောင်ကို ခေါင်းအထိပြန်အုပ်ထားကာ ရှက်နေသူ။
"မဟုတ်လို့လား ကိုတောင်အများကြီးမသင်ပေးလိုက်ရဘူး အက္ခရာက တတ်နေပြီ"
"သခင်လေး ဘာတွေပြောနေတာလဲ တော်ပြီလေ"
ရှက်ရွံ့သံလေးနဲ့ပြောနေသူကြောင့် ခွန်းလည်းသဘောကျနေကာ ဆက်မစတော့ဘဲ
"ဟုတ်ပါပြီ"
စောင်ကို ပြန်ဖယ်လိုက်ကာ အက္ခရာကို ထထိုင်စေသည်။နာကျင်နေတာကြောင့် အားယူကာ မနည်းကြီး ထထိုင်နေရသူ။ရုတ်တရတ်
"သခင်လေး လက်မောင်းက ဘာဖြစ်တာလဲ"
စိုးရိမ်တကြီးမေးသူကြောင့် ခွန်းသူ့လက်မောင်းတွေကို ကြည့်လိုက်သည်။ထို့နောက် ပြုံးကာ
"အက္ခရာ မမှတ်မိဘူးလား"
ခွန်းရဲ့လက်မောင်းကို ကိုင်ထားရင်း မအူမလည်လေးကြည့်နေသူက ရုတ်တရတ် တစ်ခုခုကို သတိရသွားသည်။ညက နာကျင်မှုဒဏ်ကြောင့် သတိလက်လွတ်နဲ့ ခွန်းလက်မောင်းနဲ့ကျောပြင်တွေကို ကုပ်ခဲ့ ကိုက်ခဲ့သည်။သူ့ကြောင့်ဖြစ်ရတာမို့ အက္ခရာ ပြာယာပြီး စိုးရိမ်စွာ
YOU ARE READING
အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]